Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


အဝေးက တပ္ဓဗလူ

မြီးကောင်ပေါက်အရွယ်
ငချွတ်၊ ငါ ကလေး
ပိုက်တန်းတစ်ထွေး
ကွန်တစ်ထွေး၊
ငါးမျှားတံ အစုံ
လေးခွ၊ လောက်စာလုံး အပုံနဲ့
တောလည်ထွက်ခဲ့။

ရုပ်ရှင်ရုံတံတား
ကန္တာရဝတီတံတား
ဂျပန်၊ သံတံတား
ဒေါတမတံတား
လာထားဟဲ့ တံတားလေးစင်းကို
ရင်ခုန်စွာလှော်ဆင်းရင်း
ကမြင်းကြောထ၊ ချောင်းရိုးအတိုင်း စုန်ခဲ့။

တောင်ကွဲစေတီအလွမ်း

အလယ်မှာ နှစ်ခြမ်းကွဲ
တောင်ကွဲစေတီ
ဟိုဘက်တစ်ခြမ်း သည်ဘက်တစ်ခြမ်း
ကျောခိုင်းတက်ခဲ့မယ်ဆို
မောင်မယ်တွေ မဆုံဆည်းဘူးတဲ့...

မှန်ရဲ့လား ဒီအဆို
ငါ ရင်ဖိုစွာမေးကြည့်မိတော့
နင်လေ ပြန်မဖြေ
တွေတွေကလေး လှည့်ထွက်သွားခဲ့တယ်...

အခုတော့ မိန်းကလေးရယ်
တောင်ကွဲစေတီ
တစ်ဘက်စီမတက်ခဲ့ရင်ကောင်းသားလို့
မင်္ဂလာဆောင် ဖိတ်စာလေး
ကိုင်ငေးကာ ဒီအကောင် ယောင်...။ ။

တစ်ခါက ဘီလူးချောင်း

ရေအလျဉ်က စိမ့်
ရင်ခွင်ထဲ သိမ့်ကနဲ
ငြိမ့်ငြိမ့်လေး စီးနေတဲ့ ရေ
ဘီလူးချောင်းဟာလေ
လောပိတကို အားဖြည့်ဖို့
စီးဆင်းနေ...

ဖြတ်ကနဲပြတ်
မှောင်မိုက်သွားတဲ့ ညတွေထဲ
မင်းရဲ့ ခွန်အားတွေ
ငါလေ ရှာဖွေနေခဲ့...

(၃၂) ဆာရှိမိသို့ ခြင်္သေ့လည်ပြန်

ပထမတုန်းကတော့ သူနှင့် မောင်ကောင်းနှစ်ယောက်တည်းဆိုပါက ဆိုင်ကို ကောင်းကောင်း ထိန်းထားနိုင်လိမ့်မည်ဟု ဘူဇွာ ထင်ထားခဲ့သည်။ သို့သော် ဆိုင်ဖွင့်သက်တမ်း ၃ လ ကျော်လာသည်နှင့် အရောင်းအားကလည်း သိသိသာသာကြီး တိုးတက်လာတော့သည်။ နေ့စဉ် ဆူရှီဗူးပေါင်း ၄၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်သလို လူနှစ်ယောက်တည်းနှင့်လည်း မနိုင်တော့ချေ။ ထို့ကြောင့် ဘူဇွာသည် ဆူရှီအကူ နောက်ထပ်တစ်ယောက် ထပ်ရှာရပြန်သည်။ ဘူဇွာရှာနေသည့်လူသည် မြန်မာမှမဟုတ်၊ တခြားလူမျိုးများကိုလည်း ရှာရပြန်၏။

ဘူဇွာ့ဆိုင် လူလိုနေသည့်အချိန်တွင် မြန်မာအသိုင်းအဝိုင်း၌ လူရှာ၍မရနိုင်ခဲ့။ ဘူဇွာ ဖုန်းဆက်ရတော့ပေမည်။ ဖုန်းတစ်ချက်လောက် ကောက်ဆက်လိုက်သည်နှင့် နောက်တစ်ရက်တွင် အလုပ်သမားတစ်ယောက် သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနိုင်သည့် အလုပ်သမားအေဂျင်စီတစ်ခုကို ဘူဇွာ ကောင်းကောင်းကြီး သိထားသည်။ တခြားသူတော့ မဟုတ်။ ပန်းသီးမြို့တော်ကြီးသို့ ဘူဇွာ စ ရောက်စဉ်အခါတုန်းက သူ့ကို အလုပ်ရှာပေးခဲ့သည့် တရုတ်အလုပ်ရှာဖွေရေးအေဂျင်စီမှ မိန်းမိန် ပင်ဖြစ်လေသည်။

(၃၁) ဆူရှီအကူ

နယူးယောက်သို့ ပြန်ရောက်လာအပြီးတွင် ဘူဇွာ့အတွက် ပထမဦးဆုံး လုပ်ရသည့်အလုပ်မှာ စားသောက်ကုန်ရောင်းချသူလိုင်စင် ရရှိရန် စာမေးပွဲသွားရောက်ဖြေဆိုရခြင်းပင်ဖြစ်သည်။

ဤနိုင်ငံတွင် ဘာပဲလုပ်လုပ် အလုပ်တိုင်းလိုလို လုပ်ငန်းလိုင်စင် လိုအပ်ကြောင်း ဘူဇွာ သိရှိလာခဲ့သည်။ တစ်ခုကောင်းသည်မှာ AFC ကုမ္ပဏီက စားသောက်ကုန်ရောင်းချသူလိုင်စင်ရရှိရန် သင်တန်းသီးသန့် ထားရှိပေးထားသလို သင်တန်းဆရာသည်လည်း ကုမ္ပဏီမှ ဆရာသာဖြစ်လေသည်။ ဤသို့ ဝန်ဆောင်မှုပေးထားရခြင်းကြောင့် ပိုက်ဆံပိုကုန်သော်လည်း ဘူဇွာတို့လို အချိန်မလုံလောက်သူ၊ အပျင်းကြီးသူများအတွက် လွန်စွာမှပင် အသုံးဝင်သည်။

အင်တာနက်တွင် စာမေးပွဲဖြေ၍လည်း ရပါသည်။ သင်တန်းဆရာ မလိုအပ်ပါ။ ကိုယ်တိုင် စာဖတ်၊ ကိုယ်တိုင် စာရင်းသွင်းပြီး ကိုယ်တိုင် အွန်လိုင်းပေါ်တွင် စာမေးပွဲဖြေ... စာမေးပွဲအောင်ခဲ့သည် ဆိုပါက လုပ်ငန်းလိုင်စင်လက်မှတ်သည် အချိန်တန်လျှင် အိမ်သို့ရောက်လာပေမည်။ သို့သော် ဘူဇွာ့အတွက်တော့ ထိုနည်းလမ်းကို လုံးဝငြင်းပယ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘူဇွာတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်ဖြစ်၏။

မင်္ဂလာပါကမ္ဘာလောကကြီး

(၁)

United States Patent and Trademark Office
Room 582, 5th Floor, Knoxx Building
Dulany Street, VA 22314

အစည်းအဝေးခန်းမကြီးထဲတွင် တီထွင်မှုမူပိုင်ခွင့် စစ်ဆေးသူ အထက်အရာရှိများ စုဝေးဆွေးနွေးနေကြသည်။

“အရင်တုန်းက ဒီနည်းပညာရဲ့တီထွင်မှု လျှောက်လွှာတွေ မတွေ့ဖူးဘူး။ ဒီတီထွင်မှုကို မူပိုင်ခွင့် ပေးသင့်တယ်”

“မဟုတ်သေးဘူး၊ ဒါ ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ တီထွင်မှုပဲ။ ကျုပ်တို့ဆီမှာ image sensor, graphic processor တွေနဲ့ပတ်သက်ပြီး တီထွင်မှုတွေ ထောင်နဲ့ချီ ရှိနေပြီးသား။ ဟိုဘက် ဌာနတွေမှာဆိုရင်လည်း Nano particles တွေနဲ့ ပတ်သက်ပြီး ရွေ့လျားမှုတွေ၊ တွက်ချက်မှုတွေနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ တီထွင်မှုတွေ မှတ်ပုံတင်ထားပြီးသားပဲ။”

နံနက်ခင်းအလွမ်း

အလွမ်းတွေနဲ့ နိုးထခဲ့ ဒီနံနက်ခင်းမှာ
ပန်းလှေကလေး ငြိမ့်ငြိမ့်စီးလို့မျော
ရင်ခုန်သံ လှိုင်းကြက်ခွပ်ကလေးတွေ ဖူးပွင့်လို့
တောက်ပစိုစွတ်
ငါ့ရဲ့ ကောင်းကင်ကြီးတစ်ခုလုံး ဝင်းမွတ်နေတယ်။

ချစ်သူရဲ့...
သန္တာရောင် နှုတ်ခမ်းလွှာဖူးဖူးလေးကို
ချစ်သူရဲ့...
ကြည်လဲ့ရွှန်းစို မျက်ဝန်းညိုတစ်စုံကို
ချစ်သူရဲ့...
ဖြောင့်စင်းရှင်းသန့် ဆံနွယ်ကြော့ကြော့လေးတွေကို
ချစ်သူရဲ့...
ပါးပြင်မို့မို့လေးတွေကို
ချစ်သူရေ...
ငါ မင်းကို လွမ်း။

စိုင်းနော်

(၃၀) ဘူဇွာနှင့် တာကိုဗစ်ကီတန်

လေဆိပ်မှ ထွက်လိုက်သည်နှင့် ပူပြင်းခြောက်သွေ့သော လေပူများကို ရှူရှိုက်လိုက်ရသည်။ ကာလီဖိုးနီးယားကို ရောက်ပါပြီကော...။ မြောက်အမေရိကတိုက်ကြီး၏ အရှေ့ဘက်ဆုံးကမ်းခြေတွင် နေထိုင်နေသူတစ်ယောက်က အနောက်ဘက်ဆုံးသောကမ်းခြေသို့ ရောက်ရှိခဲ့လေပြီ။

ရာသီဥတုက ပူပြင်းသည်၊ ခြောက်သွေ့သည်။ သဲကန္တာရဆန်သော ရာသီဥတုမျိုးလည်းဖြစ်သည်။ တိုက်ခတ်လာသည့်လေပူပူများက သူ့ရင်တွင်းမှ အပူရှိန်များကို ပို၍မီးထိုးပေးနေသလိုပင်။

ကာလီဖိုးနီးယားတွင် နယူးယောက်လိုမျိုး မီးခြစ်ဗူးခွံများ ထောင်ထားသလို အဆောက်အဦများ တွေ့ရခဲသည်။ မြေနေရာ ကျယ်ပြန့်သည်၊ ကိုယ်ပိုင်ခြံဝင်းကလေးများဖြင့် လုံးချင်းအိမ်ကလေးများ သူ့နေရာနှင့်သူ အကွက်အကွင်းကျစွာ ဆောက်ထားကြသည်။

(၂၉) ဆူရှီအိပ်မက်

“မမ အခု နယူးဂျာစီဘက်ကို သွားချင်တယ်။ လောင်းအိုင်းလင်းဒ်မှာ ကိစ္စလေးတွေ ပြီးသွားပြီဆိုတော့လေ... မောင်လေး ဗိုက်ဆာနေပြီလား... နေ့လည်စာ စားချင်နေပြီလား။ နယူးဂျာစီဘက်ရောက်မှ စားရင် ကောင်းမလားလို့... မောင်လေးသဘောနော်...”

မမကြီးသည် နဖူးပေါ်က ချွေးများကို သုတ်သပ်လိုက်ရင်းကနေ ဘူဇွာ့ကို လှမ်းမေးလိုက်၏။ ဟုတ်လည်း ဟုတ်ပါသည်။ သူတို့ နယူးယောက် လောင်းအိုင်းလင်းဒ်ဟု ခေါ်သော ကျွန်းရှည်ကြီးထဲတွင် ပတ်၍ စူပါမားကက်များကို တစ်ခုဝင်တစ်ခုထွက် လိုက်လုပ်နေကြသည်မှာ မမကြီးတည်းခိုနေသည့် ဟိုတယ်မှ ထွက်လာကတည်းက ဖြစ်သည်။

စူပါမားကက် ဆူရှီဆိုင်ခွဲများ၏ သဘောသဘာဝကို ဤအမျိုးသမီးနှင့် လိုက်ပါအကဲခတ်ကြည့်မှ အလွန်ကောင်းသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နေမှန်း ဘူဇွာ သိလာခဲ့သည်။ ဆူရှီလုပ်ငန်းကို သူ နဂိုကတည်းက စိတ်ဝင်စားခဲ့ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် လင်မိုစင်းမောင်းသူတစ်ယောက် ဖြစ်လာခဲ့ရသော်လည်း ဆူရှီဆိုင်ဖွင့်ကာ စီးပွားရေးတစ်ခု လုပ်ကိုင်ဖို့တော့ အစောကြီးကတည်းက စဉ်းစားထားပြီးသားဖြစ်၏။

(၂၈) ဘူဇွာ့ဆရာ ဘူဇွာဆူရှီမမ

“ညီလေး... ငါတို့မနက်ဖြန်ကျရင် ဆေးခန်းသွားရအောင်။ ဆရာဝန်ဖုန်းဆက်လာတယ်။ မင်းရဲ့ ဆေးစစ်ချက် အဖြေတွေရပြီတဲ့။ မင်းကို ပြောပြစရာတွေ ရှိနေတယ်လို့ပြောတယ်။”

ဝီစကီတစ်ခွက်နှင့် ကွန်ပြူတာရှေ့တွင် ငြိမ့်နေသော ရှောက်သီးလုံးကို ဘူဇွာ လှမ်း၍ သတိပေးလိုက်သည်။

ဆေးစစ်သည်ဆိုခြင်းတွင်လည်း အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရသေး၏။ ပထဦးစွာ ၁၂ နာရီကျော်ကျော်လောက် ဘာမှ မစားထားခဲ့သော ဝမ်းဗိုက်ဟောင်းလောင်းဖြင့် ဆေးခန်းသို့သွားပြီး သွေးဖောက်ရသည်၊ ဆီးပေါက်ရသည်။ ပြီးသည်နှင့် ဓာတ်မှန်သွားရိုက်ရသည်။

ရလာသည့် စစ်ဆေးတွေ့ရှိမှုများကို ဓာတ်ခွဲခန်းများမှ ဆရာဝန့်ထံ ပြန်လည် အစီရင်ခံရသည်။ ဆေးစစ်ချက် အစီရင်ခံစာများကို ကြည့်ပြီးမှ ဆရာဝန်က လိုအပ်သည်များကို ညွှန်ကြားပြန်သည်။ ယခု ဆေးစစ်ချက် အစီရင်ခံစာများနှင့် ပတ်သက်ပြီး ဆရာဝန်၏ဆေးခန်းမှ ဖုန်းခေါ်လာခဲ့ချေပြီ။

(၂၇) ဘူဇွာ နှစ်ပေါက်တစ်ပေါက်

“ဟဲလို... တူးမြောင်းလမ်းပေါ်မှာရှိတဲ့ ဆေးခန်းကပါလားခင်ဗျာ... ဟုတ်ကဲ့... ကျနော် ဒေါက်တာနဲ့ အပွိုင့်မန်င့် လုပ်ချင်လို့ပါ။ ဟုတ်ကဲ့... နောက်တစ်ပတ် စနေနေ့၊ နေ့လည်ခင်း ၂ နာရီခွဲကို လိုချင်ပါတယ်ခင်ဗျာ... ဟုတ်ကဲ့... ဆေးစစ်ဖို့ လာပြမယ့်လူအတွက် ဘာတွေ လိုမလဲမသိဘူးနော်... ဟုတ်... အဖတ် လုံးဝမစားခဲ့ရဘူးပေါ့... ဟုတ်... ရေတော့ သောက်လို့ ရတယ်မဟုတ်လား... ဟုတ်... စကားမစပ်... အစ်မရေ.. ကျနော့်ကို ဆရာ့ဆဲလ်ဖုန်းနံပါတ်ကလေး တစ်ချက်လောက် ပေးလို့ရမလားမသိဘူး... ဟုတ်... ဆရာနဲ့ တိုင်ပင်စရာလေး ရှိလို့ပါ... ဟုတ်... ဆရာ ဘယ်အချိန်တွေဆိုရင် အားတတ်လဲ မသိဘူးနော်... ဟုတ်... ညနေ ၇ နာရီကျော်မှလား... ဟုတ်ကဲ့... ကျေးဇူးပဲနော် အစ်မ... ဘိုင့်...”

ဘူဇွာသည် ဆရာဝန်ဆေးခန်းကို ဆက်နေခြင်းဖြစ်၏။ ဆရာဝန်သည် မြန်မာလူမျိုးပင်ဖြစ်၍ ဆေးခန်းတွင် အလုပ်လုပ်နေသည့် စာရေးမသည်လည်း မြန်မာပင် ဖြစ်လေသည်။ ညီလေး ရှောက်သီးလုံးအတွက် ဆေးစစ်ရပေတော့မည်။ ဤအတိုင်း အရက်ကို အလွန်အကျွံသောက်နေပါက ညီလေးမကြာခင်တွင် ဒုက္ခအကြီးအကျယ်ရောက်တော့မည်မှန်း သူ သိနေသည်။

မောင်သစ်မင်းရဲ့ နတ္ထိအခန်း

ဘာမှမရှိလို့ နတ္ထိ ခေါ်ရစတမ်းဆို
ရှိနေခြင်းကနေ ပျောက်ကွယ်သွားတာကို ဘယ်လိုခေါ်မလဲ
ဗလာဆိုတာ နတ္ထိမဟုတ်
မရှိခြင်းကသာလျှင် နတ္ထိ လို့ ဆိုချင်တယ်...

ဆုံးရှုံးမှုတစ်ခုဟာ ထုထည်ကြီးမား
သတင်းကြားခဲ့ရ ငါ...
နတ္ထိကိုဗလာဖွဲ့လို့
မရှိခြင်းတွေ ဆန်းစစ်ကြည့်တဲ့အခါ...
စကားလုံးအားတွေ ရုန်းကြွခဲ့
ခေတ်ကို ပျိုနုစေခဲ့
ရာဇဝင်ကို နိုးထစေခဲ့
ရှင်သန်နေဆဲ တေးသွားတွေ...

ဆန်းဆန်းပြားပြားရင်ခုန်သံ

တစ်ခါတုန်းက ကောင်မလေး၁ တစ်ယောက်ရှိတယ်။ သူနဲ့ အလယ်တန်းကျောင်းသားဘဝကတည်းက အချစ်တော်အဖြစ်လက်တွဲလာခဲ့တဲ့ ကောင်မလေး၂ လည်းရှိတယ်။ ကောင်မလေး၁ ဟာ အထက်တန်းကျောင်းက အောင်တာနဲ့ ရွှေမြို့တော်ကြီးကိုတက်... တက္ကသီလာရင်ခွင်ရိပ်မှာခို... ပညာရင်နို့ သောက်စို့ခဲ့ပြန်တယ်။

အဲဒီမှာ ဆေးကျောင်းသားကိုကို တစ်ယောက်နဲ့ တွေ့တော့တာပဲ။ ဆေးကျောင်းသားကိုကိုက ဆေးကျောင်းပြီးခါနီး၊ ဆရာဝန် ဖြစ်ခါနီးပြီ။ ဆေးကျောင်းသားကိုကိုက ကောင်မလေး၁ကို အသည်းစွဲ အရမ်းကို ခိုက်သွားခဲ့တယ်။ ဘဝပြောင်းပေးဖို့၊ မိန်းမသားဆန်ဆန် နေဖို့... ပျားရည်လို ချိုသာတဲ့ ဆိုဆုံးမစကားတွေနဲ့ နားချခဲ့ပေမယ့် ကောင်မလေး၁ ကတော့ သူ့ဘဝကို သူကျေနပ်လို့... ယောက်ျားတွေကို ရင်ခုန်စရာလို့ကို မမြင်ခဲ့တာ...။

(၂၆) ဒုတိယမ္မိ ဘလိုင်းဒိတ်လေလော...

“ညီလေး... မင်းနောက်ဆိုရင် ဒီလောက်ကြီးမသောင်းကျန်းနဲ့တော့ကွာ... ”

တရားရုံးမှ ပြန်ထွက်အလာတွင် ဘူဇွာသည် ညီဖြစ်သူကိုကြည့်ပြီး သနားကြင်နာစွာ ပြောဆိုလိုက်၏။ ထို့အတူ အစ်ကိုဖြစ်သူသည် ငွေကုန်ကြေးကျ များသွားရ၊ အလုပ်အကိုင်ပျက်ရ၊ စိတ်အနှောက်အယှက်ဖြစ်ရမှုတို့ကြောင့် ရှောက်သီးလုံးသည် ခေါင်းငုံ့ အသံတိတ်စွာ လိုက်ပါလာခဲ့၏။

အချုပ်ထဲသွားမလား... လျော်ကြေးဒဏ်ငွေ ပေးဆောင်မလားဆိုသည့် တရားသူကြီး၏ ဆုံးဖြတ်ချက် ကျရောက်လာချိန်တွင် ဘူဇွာ ရွေးချယ်ခဲ့သည့် တစ်ခုတည်းသော အဖြေမှာ လျော်ကြေးဒဏ်ငွေ ပေးဆောင်ရန်ပင် ဖြစ်တော့သည်။

(၂၅) ပန်းသီးမြို့ရောက် နတ်ဆိုး

ခါးနာသောဝေဒနာကို ခံစားရပြီးကတည်းက ဘူဇွာ ဆင်ခြင်တတ်လာသည်။ အရင်တုန်းကလို ပေပေတေတေ မနေတော့။ ပိုက်ဆံရှာရသည်ကို ချစ်မြတ်နိုးလှသော်လည်း ပိုက်ဆံရှာရာတွင် ပေးဆပ်ခဲ့ရသည့် အရင်းအနှီးများက ကြီးမားလွန်းလှပါသည်။

ဟိုတုန်းကလို ကားပေါ်အိပ်၊ ကားပေါ်စား... မနားမနေ အလုပ်ကို ကြိုးစားလုပ်ခြင်းများကို လျှော့လာခဲ့တော့သည်။ သူငယ်ချင်းများက ဘူဇွာ့ကို ဝိုင်းပြီးစ နောက်ကြ၏။ ဘူဇွာ ဘာမှ ပြန်မပြောခဲ့ဘဲ ပြုံးပြုံးလေးသာ နေခဲ့သည်။ သူတို့ စွပ်စွဲစ နောက်နေကြသလိုမျိုးကြောင့် ခါးနာခဲ့သည်မဟုတ်။ အမှန်ကတော့... ကားပေါ်တွင် အနေကြာလာပြီး အထိုင်မတတ်၊ အအိပ်မတတ်သောကြောင့်သာ ခါးနာခဲ့ရခြင်းဖြစ်သည်။ အရင်ရောက်စတုန်းက လုပ်ခဲ့ဖူးသည့်၊ အလေးအပင်မရသည့် အလုပ်ကြမ်းများ၏ ဒဏ်ပိခြင်းကြောင့်လည်း အများကြီး သက်ဆိုင်နေသည်။