Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၂၆) ဒုတိယမ္မိ ဘလိုင်းဒိတ်လေလော...
“ညီလေး... မင်းနောက်ဆိုရင် ဒီလောက်ကြီးမသောင်းကျန်းနဲ့တော့ကွာ... ”
တရားရုံးမှ ပြန်ထွက်အလာတွင် ဘူဇွာသည် ညီဖြစ်သူကိုကြည့်ပြီး သနားကြင်နာစွာ ပြောဆိုလိုက်၏။ ထို့အတူ အစ်ကိုဖြစ်သူသည် ငွေကုန်ကြေးကျ များသွားရ၊ အလုပ်အကိုင်ပျက်ရ၊ စိတ်အနှောက်အယှက်ဖြစ်ရမှုတို့ကြောင့် ရှောက်သီးလုံးသည် ခေါင်းငုံ့ အသံတိတ်စွာ လိုက်ပါလာခဲ့၏။
အချုပ်ထဲသွားမလား... လျော်ကြေးဒဏ်ငွေ ပေးဆောင်မလားဆိုသည့် တရားသူကြီး၏ ဆုံးဖြတ်ချက် ကျရောက်လာချိန်တွင် ဘူဇွာ ရွေးချယ်ခဲ့သည့် တစ်ခုတည်းသော အဖြေမှာ လျော်ကြေးဒဏ်ငွေ ပေးဆောင်ရန်ပင် ဖြစ်တော့သည်။
အချုပ်ထဲတွင် ရက်ပေါင်းများစွာ ဒုက္ခခံစားနေရမည့် ညီဖြစ်သူကို ဘူဇွာ ဤအတိုင်း လက်ပိုက်မကြည့်နေနိုင်ပါ။ ထို့ကြောင့် လျော်ကြေးဒဏ်ငွေ ဒေါ်လာ ၇၀၀၀ ကျော် ကို ပေးဆောင်လိုက်၏။
ဤအမှုအားလုံး၏အစမှာ ညီဖြစ်သူ အရက်သောက်ချင်လွန်းသောကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်သည်။
+++++
ထိုနေ့က ဘူဇွာသည် အလုပ်လုပ်ရန်ဆိုပြီး ကားမောင်းထွက်သွားခဲ့သည်။ ညီဖြစ်သူကိုလည်း သေသေချာချာ မှာကြားသွားခဲ့သေး၏။ အရေးမကြီးဘဲ အပြင်ထွက်ပြီး လမ်းမသလားနေနှင့်ဟု... ပန်းသီးမြို့တော်သို့ရောက်သည်မှာ ၂ ရက်တစ်ပိုင်းသာရှိသေးသည့် ရှောက်သီးလုံးကို ဘူဇွာ စိတ်မချနိုင်ခဲ့ပါ။
အိမ်တွင် ဘူဇွာဝယ်ထားပေးသည့် အရက်ပုလင်းကြီး ကုန်သွားချိန်၌ ရှောက်သီးလုံးသည် ချဉ်ချင်းတပ်လာပြန်သောကြောင့် အပြင်ထွက်ပြီး လမ်းထိပ်ဆိုင်လေးမှ ဘီယာသွားဝယ်ခဲ့လေသည်။ သူလို ၂၁ နှစ်ပြည့်ပြီးသူထံမှ အိုင်ဒီတောင်းခံနေသည့် ဆိုင်ရှင်ကြောင့် စိတ်တိုစွာဖြင့် အိုင်ဒီထုတ်ပြခဲ့ရသေး၏။ ထို့ပြင် ဆိုင်မှအထွက်တွင် ဆိုင်ဝင်ပေါက်ဝ၌ စောင့်ဆိုင်းနေသည့် လူမည်းလူမျိုး ဂျစ်ပစီတစ်ယောက်က ရှောက်သီးလုံးကို ပိုက်ဆံတောင်းလာခဲ့သည်။
ရှောက်သီးလုံးသည်လည်း အင်္ဂလိပ်စကားမတတ်တတတ်ဖြင့် ဘုကျကျ ပြန်ပက်ပြောဆိုခဲ့လေ၏။ “ခွေးမသား...ပိုက်ဆံလိုချင်လား... အလုပ်လုပ်ပါလား...”
ထိုအခါတွင် အရပ်ကြီး ၆ ပေကျော်မြင့်သည့် လူမည်းလူမျိုး လူကြီးက ပါးစပ်မှ ပွတ်တွတ်ပွတ်တွတ်ဖြင့် ရှောက်သီးလုံး မကြားတကြားဖြစ်အောင် ရန်စစော်ကားခဲ့ပြန်၏။ ဒီအတိုင်းလေး ရှောင်ထွက်သွားလျှင် ဘာမှဖြစ်လာခဲ့လိမ့်မည်မဟုတ်... ရှောက်သီးလုံးသည် နဂိုကတည်းက စိတ်ဆတ်သူတစ်ယောက် ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း၊ အရက်သောက်ထားသည့် အရှိန်ကလေးကလည်း ရှိနေသောကြောင့်သော်လည်းကောင်း မိမိထက်အရပ်မြင့်သည့် လူမည်းကြီးကို ပါးဖြတ်ရိုက်ခဲ့သည် ဟူသတတ်...
ထိုအခါတွင် လာရောက်ဖျန်ဖြေပေးနေသည့် ဆိုင်ရှင် ကုလားလုပ်သူအားလည်း နဂိုကတည်းက အိုင်ဒီတောင်းပြီး သူ့ကို ရစ်ခဲ့သည့်အတွက် အမြင်ကတ်ပုဒ်မကြောင့် ခြေထောက်ဖြင့် ဆောင့်ကန်ခဲ့သေးသည် ဟူသတတ်...
ကံဆိုးလှစွာပင် ထိုလမ်းထိပ်၌ ပတ်တရောင်လှည့်နေသည့် ရဲကားတစ်စီးသည် ဝရုန်းသုန်းကားဖြစ်နေသည့် အချင်းဖြစ်ပွားရာနေရာသို့ ရောက်လာခဲ့ပြီး ရန်ဖြစ်သူအားလုံးကို လက်ထိပ်ခတ် ဖမ်းချုပ် ခေါ်ဆောင်သွားခဲ့လေတော့သည်။
ရဲစခန်းသို့ အာမခံကြေးငွေ ဒေါ်လာ ၂၀၀၀ ပေးဆောင်ပြီး ရှောက်သီးလုံးကို ဘူဇွာ ရွေးထုတ်လာခဲ့၏။ နောက် တစ်ပတ်ဆိုလျှင် တရားရုံးသို့ သွားရောက်ရတော့ပေမည်။ အမှုသွားအမှုလာအရ ပြစ်မှုသိပ်ကြီးမည်မဟုတ်သော်လည်း တရားရုံးရောက်လျှင် ပိုက်ဆံ သောက်သောက်လဲ ကုန်ကျမည်ဆိုသည်ကိုလည်း ဘူဇွာ သိနေ၏။
ရှောက်သီးလုံးနှင့် အပြန်အလှန်ခုခံရန်ဖြစ်ခဲ့သော ဂျစ်ပစီလူမည်းကြီးအပေါ်တွင် ပြစ်မှုသိပ်မကြီးသော်လည်း လာရောက်ဖျန်ဖြေပေးသည့် ဆိုင်ရှင်ကုလားမှာမူ မူယာများ၊ ပဲများနေသည့်အတွက် ထိုသူ့ကို အသားလွတ်ကြီး ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည့် ရှောက်သီးလုံးတစ်ယောက် အချုပ်ကျကိန်း ဖြစ်လာသည်။ ညီဖြစ်သူကို မှတ်လောက်သားလောက် ဖြစ်စေရန် အချုပ်ထဲ ထည့်ထားလိုက်ရ ကောင်းမလားဟု ဘူဇွာ စဉ်းစားနေခဲ့သေး၏။ သို့သော် နောက်ဆုံးတွင်မူ ညီကိုချစ်သည့်စိတ်က အနိုင်ယူသွားခဲ့ပြီး လျော်ကြေးဒဏ်ငွေကိုသာ ပေးဆောင်ခဲ့ခြင်း ဖြစ်လေတော့သည်။
+++++
တရားရုံးမှ အိမ်ကိုပြန်ရောက်သည်နှင့် ရှောက်သီးလုံးကို ဘူဇွာ မေးခဲ့သည့် ပထမဆုံး မေးခွန်းမှာ-
“ညီလေး... မင်း အရက်စွဲနေလား...”
ညီဖြစ်သူ၏ တိတ်ဆိတ်ငြိမ်သက်နေမှုကြောင့် ညီလေး အရက်စွဲနေလောက်ပြီဟု ဘူဇွာ မှတ်ယူထားလိုက်သည်။
“အရက်ကို မသောက်နဲ့လို့တော့ ငါ မပြောချင်ဘူးကွာ... ဒါပေမဲ့ လျှော့တော့သောက်... မင်း မြန်မာပြည်မှာလို လုပ်ချင်ရာလုပ်... အနောက်ကနေ ပိုက်ဆံထုပ်နဲ့ လိုက်ရှင်းလို့ရတဲ့ နိုင်ငံတော့မဟုတ်ဘူးကွ... ကံမကောင်းရင် မင်း ထောင်တွေဘာတွေ ကျသွားနိုင်တယ်... သိလား။”
ညီဖြစ်သူကို အတွေးစများနှင့် ထားခဲ့ကာ ဘူဇွာတစ်ယောက်တည်း အပြင်ဘက် ထွက်လာခဲ့တော့၏။ ညီလေး စဉ်းစားပါစေ... သဘောပေါက်လာပါစေ... နားလည်လာပါစေ...
ညီဖြစ်သူသည် ဖခင်ကြီး၏ ဆူပူဆုံးမမှုများကိုတောင်မှ မှုခဲ့သူမဟုတ်... ဘူဇွာ စကားတွေအများကြီးပြောပြီး ဆိုဆုံးမနေလည်း အလကားပင် ဖြစ်သွားချေမည်...
ထို့ကြောင့် ဘူဇွာ စဉ်းစားနေမိ၏။ ညီလေးကို သူနှင့် အတူတူ ထားရှိထားခြင်းထက် သူငယ်ချင်းတစ်ယောက်ထံတွင် ပို့ထားခြင်းက ပိုကောင်းမည်လားဟု...
ဘူဇွာနှင့်အနီးစပ်ဆုံးမြို့နယ်တွင် နေထိုင်နေသူမှာ ကိုဗျိုင်းကြီးတစ်ယောက်သာ ရှိသောကြောင့် ကိုဗျိုင်းကြီးထံတွင် ထားရှိထားခြင်းက အသင့်တော်ဆုံးဖြစ်မည်ထင်သည်။ လောလောဆယ်တွင် ကိုဗျိုင်းကြီး၏ ညီဖြစ်သူ ကျားကျားမှာလည်း အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ညီလေးနှင့် အဖော်ရနိုင်မည်ဖြစ်၏။ ညီလေးကို အိမ်တွင် တစ်ယောက်တည်း ထားခဲ့ပြီး သူက အပြင်တွင် အလုပ်ထွက်လုပ်နေမည့်အစား ကျားကျားနှင့်ညီလေးကို တွဲထားပေးလိုက်လျှင် ပို၍စိတ်ချလက်ချဖြစ်နိုင်သည်ဟု ဘူဇွာထင်သည်။
+++++
ဗျိုင်းကြီးသည် မနက်စောစော အလုပ်ထသွားသူဖြစ်သောကြောင့် အိမ်တွင် ကျားကျားနှင့် ရှောက်သီးလုံးတို့နှစ်ယောက်သာ ကျန်ခဲ့၏။ ကျားကျားသည် အလုပ်ရှာနေဆဲဖြစ်၍ အိမ်တွင် အိပ်လိုက်စားလိုက် လုပ်နေရပြီး ယခုတော့ အဖော်တစ်ယောက် တိုးလာပြီဖြစ်၏။
မနက်အစောကြီးတွင် အစ်ကိုလုပ်သူ ဗျိုင်းကြီး အလုပ်သွားရန် ပြင်ဆင်နေသံများကို ကျားကျား အိပ်ယာထဲမှ ကြားနေရ၏။ ခဏနေသော် မှေးခနဲ ပြန်လည်အိပ်ပျော်သွားခဲ့ပြန်၏။ မှေးအိပ်နေသော ကျားကျား၏ အကြားအာရုံထဲသို့ မီးဖိုချောင်ဘက်မှ ကလောင်ကလင် အသံများ ဆူညံစွာ ဝင်ရောက်လာခဲ့လေသည်။
ပုလင်းသံများ ဆူညံနေသောကြောင့် ထကြည့်မိသော ကျားကျားသည် မီးဖိုချောင်ထဲတွင် လက်တုန်တုန်ဖြင့် အရက်ပုလင်းထဲမှအရက်များကို ခွက်တွင်းသို့ ဖိတ်တဝက် ဝင်တဝက် ငှဲ့ထည့်နေသည့် ရှောက်သီးလုံးကို အံ့ဩစွာ တွေ့လိုက်ရလေတော့သည်။
“ဟေ့ကောင်ကြီး... အစောကြီး ချတော့မှာလား...” ကျားကျား၏အမေးစကားကို ပြန်မဖြေနိုင်သေးဘဲ အရက်များ မဖိတ်စင်အောင် ငှဲ့ထည့်နေရသည့် ရှောက်သီးလုံးက ခေါင်းညိတ်ဖြေဆိုလိုက်သည်။
ပြီးနောက် ရေခဲသေတ္တာထဲမှ ရေခဲတုံးလေးများကို ဖန်ခွက်တွင်း ထည့်လိုက်ပြီး အရက်ခွက်ကို တရှိန်ထိုး မော့ချလိုက်၏။ “ချီးတဲ့မှပဲ... ကောင်းလိုက်တဲ့ဝီစကီ... အား...ဂါး...”
ကျားကျားကတော့ အခန်းတွင်းသို့ ပြန်ဝင်သွားခဲ့ပြီဖြစ်ပြီး ခေါင်းတခါခါ ဖြစ်နေရလေသည်။
+++++
ဘူဇွာ၏ညီရောက်နေသည်ဟု သတင်းကြားခဲ့၍ ဖင်ကောက်နှင့် ဘဲကြီးတို့ ညနေပိုင်းတွင် ဗျိုင်းကြီး၏အိမ်သို့ ပေါက်ချလာခဲ့ကြ၏။
ခဏအကြာတွင် ဗျိုင်းကြီးသည်လည်း အလုပ်မှ ပြန်ရောက်လာလေသည်။
တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ကြပြီးသော်... ဖင်ကောက်က အားလုံးကို ခြုံငုံပြီး မေးမြန်းလိုက်၏။ “ဘူဇွာကြီးကော... မလာသေးဘူးလား...”
ဖင်ကောက်၏အမေးကို ကျားကျားကပင် ပြန်လည်ဖြေဆိုပေးလိုက်သည်။ “သူ ညနေပိုင်း အလုပ်လုပ်နေတယ်။ အခုတလော ငွေကြေးအကုန်အကျတွေ သိပ်များနေလို့ အလုပ်ကို ပိုလုပ်နေရတယ်ပြောတာပဲ... ဟဲဟဲ...”
“ဘာဖြစ်နေလို့လဲကွ... ကောင်မလေးတွေ ပိုးကြေးပန်းကြေးတွေအတွက် ပိုက်ဆံကုန်နေရတာလား။”
“မဟုတ်ဘူး... ကိုဖင်ကောက်ရ... သူ့ညီရောက်လာလို့လေ... အသုံးစားရိတ်တွေ ကြိုးစားပြီး ရှာဖွေနေရတယ်... ဟဲဟဲ...”
ခဏနေသော် မီးဖိုချောင်ထဲတွင် ထမင်းစားနေခဲ့သော ရှောက်သီးလုံးသည် ပေကျံနေသည့် လက်ချောင်းများကို ရေဖြင့်ဆေးကြောရမည့်အစား ပါးစပ်တွင်း တပြွတ်ပြွတ်စုပ်၊ ဆေးကြောသုတ်သင်နေရင်း ထွက်လာ၏။ ပြီးနောက် ထိုလက်ချောင်းများကို ဘောင်းဘီဖင်နောက်တွင် လက်သုပ်ပုဝါတစ်ထည်လို သုတ်လိုက်ပြီး အိမ်လည်ခန်း စားပွဲပေါ်ရှိ ဖဲထုပ်တစ်ထုပ်ကို ကောက်ကိုင်လိုက်ကာ...
“ကဲလာလာ... လူစုံတုန်းလေး... ဖဲရိုက်လိုက်ကြရအောင်လား.... ရှမ်းကိုးမီးကြိုက်သလား... ဘူကြီးကြိုက်သလား....”
+++++
ဖဲဝိုင်းသည်လည်း ပျင်းခြောက်ခြောက်ဖြင့် ပျော်စရာမကောင်းလှစွာ ပြီးဆုံးသွားခဲ့၏။ ဘီယာပုလင်းလွတ်လေးများလည်း အစီအရီ လည်တထောင်ထောင် ဖြစ်နေကြလေပြီ။
အိမ်လည်ခန်းရှိ လက်ပတော့တစ်လုံးကို ကောက်ဖွင့်နေသည့် ရှောက်သီးလုံးကို ကိုဗျိုင်းကြီးက သတိပေးလိုက်သည်။ “ဟေ့ကောင်... ကွန်ပြူတာမကိုင်ခင် လက်ကလေးဘာလေးတော့ အရင်ဆေးလိုက်ပါဦးကွာ...”
“အေးပါ ကိုဗျိုင်းရယ်... ခင်ဗျားကွန်ပြူတာ မညစ်ပတ်စေရပါဘူး... ကျနော် ဒီကောင်တွေကို ကောင်မလေးတစ်ယောက်ရဲ့ ဓာတ်ပုံပြချင်လို့ဗျ... အင်ဒိုနီးရှားမလေးပဲ... တော်တော်လေးမိုက်တယ်.... ဟဲဟဲ...”
အင်ဒိုနီးရှားမလေး ဆိုသဖြင့် ဖင်ကောက် စိတ်ဝင်စားသွားသည်။
“အေး... ငါတို့ကိုလည်း ပြစမ်းပါဦး... မင်းကိုယ်တိုင်က တော်တော်လေး မိုက်တယ်ဆိုတော့ အမိစားလေးဖြစ်နိုင်လောက်တယ်။”
ရှောက်သီးလုံးသည် ကွန်ပြူတာဖွင့်ပြီး သူ၏ MSN Messenger အကောင့်ထဲသို့ ဝင်ရောက်လိုက်သည်။ ပြီးနောက် မချိုမချဉ် မျက်နှာပေးဖြင့် ဖင်ကောက်တို့ဘက်သို့လှည့်ကာ ပြောလိုက်ပြန်၏။ “ကျနော့် အကောင့်ထဲက ကောင်မတွေအားလုံးနီးပါးက အစ်ကို့အကောင့်ထဲကနေ ဓားပြတိုက်လာခဲ့တာဗျ... ကောင်မတွေထဲမှာ ဒီတစ်ယောက်ကတော့ အမိုက်စားလေးပဲ...”
ဘီယာလက်ကျန်ကလေးကို မော့သောက်လိုက်ပြီး ရှောက်သီးလုံးက အောင်နိုင်သူအပြုံးမျိုး ပြုံးပြနေပြီး ဆက်ပြောနေပြန်၏။
“သူက Philadelphia မှာနေတယ်လို့ ပြောတာပဲ... ကျနော့်ကိုတောင် ဘလိုင်းဒိတ် လုပ်ပြီး တွေ့ချင်နေတယ်တဲ့.... Philadelphia ကို လာခဲ့ပါလို့ခေါ်နေတာလည်း ခဏခဏ ရှိနေပြီ... ကြည့်စမ်းပါဦး ကိုဖင်ကောက်ရာ... မမိုက်ဘူးလားလို့... အဟက်ဟက်ဟက်...”
ရှောက်သီးလုံး ဖွင့်ပြလိုက်သည့် ဓာတ်ပုံကိုကြည့်ပြီး ဖင်ကောက်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။

Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်