Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၂၅) ပန်းသီးမြို့ရောက် နတ်ဆိုး
ခါးနာသောဝေဒနာကို ခံစားရပြီးကတည်းက ဘူဇွာ ဆင်ခြင်တတ်လာသည်။ အရင်တုန်းကလို ပေပေတေတေ မနေတော့။ ပိုက်ဆံရှာရသည်ကို ချစ်မြတ်နိုးလှသော်လည်း ပိုက်ဆံရှာရာတွင် ပေးဆပ်ခဲ့ရသည့် အရင်းအနှီးများက ကြီးမားလွန်းလှပါသည်။
ဟိုတုန်းကလို ကားပေါ်အိပ်၊ ကားပေါ်စား... မနားမနေ အလုပ်ကို ကြိုးစားလုပ်ခြင်းများကို လျှော့လာခဲ့တော့သည်။ သူငယ်ချင်းများက ဘူဇွာ့ကို ဝိုင်းပြီးစ နောက်ကြ၏။ ဘူဇွာ ဘာမှ ပြန်မပြောခဲ့ဘဲ ပြုံးပြုံးလေးသာ နေခဲ့သည်။ သူတို့ စွပ်စွဲစ နောက်နေကြသလိုမျိုးကြောင့် ခါးနာခဲ့သည်မဟုတ်။ အမှန်ကတော့... ကားပေါ်တွင် အနေကြာလာပြီး အထိုင်မတတ်၊ အအိပ်မတတ်သောကြောင့်သာ ခါးနာခဲ့ရခြင်းဖြစ်သည်။ အရင်ရောက်စတုန်းက လုပ်ခဲ့ဖူးသည့်၊ အလေးအပင်မရသည့် အလုပ်ကြမ်းများ၏ ဒဏ်ပိခြင်းကြောင့်လည်း အများကြီး သက်ဆိုင်နေသည်။
ဆရာဝန်နှင့် သေသေချာချာပြသကြည့်တော့ သူ့ခါးဆစ်ရိုးများကြားတွင် အညှောင့်တစ်ခု ထွက်နေသည်ဟု သိခဲ့ရသည်။ ပထမတော့ ခါးဆစ်ရိုးများတွင်းသို့ ဆေးထိုးခြင်း၊ အနာသက်သာစေမည့် သောက်ဆေးစားတို့ဖြင့် ဝေဒနာကို အံကြိတ်ပြီး ခံနေခဲ့သေး၏။ ၄ လကျော်လာတော့ သည်အတိုင်းနေ၍မဖြစ်တော့မှန်း သိလာခဲ့သည်။ ထို့ကြောင့်ပင် အရိုးအဆစ်အထူးကုဆရာဝန်နှင့် တိုင်ပင်ကာ ခါးခွဲစိတ်ခဲ့လေသည်။ ကံကောင်းထောက်မလှစွာ ခါးမနာခင်လေးတုန်းကမှ ဝယ်ယူခဲ့သော ကျန်းမာရေးအာမခံလေးရှိနေခဲ့သည့်အတွက် ပိုက်ဆံတော့ ပြောပလောက်အောင် မကုန်ခဲ့ချေ။ မဟုတ်ပါက ခါးခွဲစိတ်ကုသမှုအတွက် ပိုက်ဆံ သောင်းချီ ကုန်ကျနိုင်သည်မဟုတ်ပါလား။
ပိုက်ဆံကို ချစ်မြတ်နိုးသည်မှာ မှန်သော်လည်း ပိုက်ဆံရဖို့အတွက် ဤမျှလောက်ကြီး ပေးဆပ်ခဲ့ရသည်ကိုတော့ ဘူဇွာ သိပ်ပြီးအစာမကြေလှ။
လောလောဆယ်တော့ အလုပ်ကို အေးအေးဆေးဆေး ပုံမှန်လေးသာ လုပ်နေသည်။ သူနှင့် ညိစွန်းခဲ့သော လူမည်းအမျိုးသမီးသည်လည်း အလုပ်ပြုတ်သွားခဲ့ချေပြီ။ သူမ အလုပ်ပြုတ်သွားခဲ့သည့်အချိန်မှစ၍ ဘူဇွာလည်း အလုပ်ကောင်းများကို အမြဲတမ်းမရရှိတော့ပါ။ ပြောပလောက်အောင် ဝင်ငွေမထိခိုက်ပေသိ အလုပ်ကောင်းများ လုပ်စဉ်ကတုန်းကလောက် ငွေမရွှင်သည်မှာ သိသိသာသာကြီး ဖြစ်လာသည်။
ဝင်ငွေကောင်းစဉ်တုန်းက ကောင်းကောင်းရှာပြီးလျှင် ကောင်းကောင်းသုံးစွဲတတ်သည့် ဘူဇွာသည် အိမ်တွင် လုံးဝချက်မစားဖြစ်ခဲ့ဘဲ စားသောက်ဆိုင်ကြီးများမှ အပြင်စာများကို ဝယ်စားဖြစ်ခဲ့သည်ကများသည်။ ပေါင်းသင့်သည့်သူများကို ပေါင်းသင်းခဲ့ရာတွင် ကုန်ကျစားရိတ်များကလည်း မသေးလှ။ ဒီလောက် သုံးစွဲဖြစ်နေသည့်ကြားထဲတွင်မှ ဘူဇွာ့ထံတွင် စုမိဆောင်းမိ ရှိခဲ့သေး၏။
ခါးနာနေသည့် ကာလများအတွင်းတွင်တော့ အပြင်စာများ ဝယ်စားခြင်းကို လျှော့လာခဲ့မိသည်။ အိမ်တွင် တတ်သလောက် မှတ်သလောက် ချက်ပြုတ်စားသောက်လာတတ်၏။ အပို ကုန်ကျစရာများကို ချွေတာခဲ့သောအခါ ငွေပိုစုမိလာခဲ့သည်။ ဘူဇွာလိုချင်သည်မှာလည်း ငွေစုဖို့ပင်။ အဘယ်ကြောင့်ဆိုသော် သူ၏ ညီလေး မကြာခင်တွင် ရောက်လာတော့မည်ဖြစ်သောကြောင့်ဖြစ်၏။
ဘဏ်ထဲတွင် စုဆောင်းထားသည့် ပိုက်ဆံများများရှိလေ... စပွန်စာပေးရသည်မှာ ပို၍မျက်နှာရှိလေ မဟုတ်ပါလား။ သူ့ကို မှီခိုသူအဖြစ်ရောက်လာမည့် ညီလေး... သံရုံးတွင် ဗီဇာဝင်ရာ၌ မျက်နှာမငယ်စေချင်ပါ။
+++++
ညီငယ်ရောက်လာသည့်ရက်က စောစောစီးစီးပင် ဘူဇွာ နိုးနေမိသည်။ ရေချိုးခန်းထဲဝင်ရင်း သီချင်းလေးတကြော်ကြော် သီဆိုနေမိပြီး မတွေ့ရသည်မှာကြာပြီဖြစ်သည့် ညီငယ်တစ်ယောက် မည်သည့်ပုံစံဖြင့် ရောက်လာမည်ကို စိတ်ကူးယဉ်နေမိ၏။ မနက် ၈ နာရီဆိုလျှင် လေယာဉ်ဆိုက်ပေတော့မည်။ ထို့ကြောင့် လေဆိပ်သို့ မနက် ၇ နာရီကတည်းက ဘူဇွာ ရောက်နေမိ၏။
လေဆိပ်တွင်းမှ မျက်နှာ သုန်သုန်မှုန်မှုန်၊ ညင်းသိုးသိုးအမူအရာဖြင့် ထွက်လာသည့် ညီငယ်ကို မြင်လိုက်ရတော့ ဘူဇွာ ဝမ်းသာသွားသလို စိတ်လည်း နည်းနည်းတော့ ထင့်သွားခဲ့သည်။ သည်ကောင် ဘာများ ပြဿနာရှာလာခဲ့ပြီလည်းမသိ...
“ညီလေး... ငါ ဒီမှာ...”
လာကြိုနေကြသည့် လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်လာပြီး ညီဖြစ်သူကြားအောင် အကျယ်ကြီး အော်ပြောမိနေသည်။ လက်နှစ်ဘက်ကို ဝှေ့ယမ်းပြနေကာ ညီဖြစ်သူကို ပြုံးပြုံးကြီး ဆီးကြိုနှုတ်ဆက်နေသည့် ဘူဇွာကြောင့် လိုက်ပါလာသည့် ကိုဗျိုင်းကြီးထံသို့ပင် အပျော်ဓာတ်များ ကူးစက်လာခဲ့လေတော့သည်။
ညီလေးထံတွင် ဆံပင်များလည်း ညင်းသိုးသိုးဖြင့် ရှည်လျားနေပါလား... မျက်နှာလည်း သုန်သုန်မှုန်မှုန်ဖြင့် ဒီကောင်ကြီး ဘာဖြစ်လာခဲ့ပါလိမ့် ဟူသောအတွေးများဖြင့် လူအုပ်ကြားထဲမှ ဘူဇွာ ဇွတ်အတင်းကြီး တိုးထွက်လာသည်။
ဘူဇွာ့ကို မြင်သည်နှင့် ညီဖြစ်သူ၏မျက်နှာလေး ဝင်းပသွားခဲ့သည်။ လက်ထဲတွင် ကိုင်ထားသည့် ရေသန့်ဗူးခွံလေးထဲသို့ ကွမ်းသွေးများကို ဗြစ်ခနဲ ထွေးထုတ်လိုက်ပြီး နီကြောင်ကြောင်သွားများပေါ်အောင် ပါးဖြဲနားဖြဲ ပြုံးရယ်နေကာ နှုတ်ဆက်လိုက်၏။
“ဟေး... ငါ့ကိုကြီး... မင်း တော်တော် ဖောင်းလာပါလား။ စမူဆာတွေ အဝစားရတယ်နဲ့တူတယ်... အဟက်ဟက်ဟက်... ဘယ်လိုလဲ... အမေရိကန်စမူဆာနဲ့ ငါးပိစမူဆာ... ဘာကွာလဲကွ... အဟက်ဟက်ဟက်...”
ဘူဇွာ၏ ပါးတစ်ဘက်ကို ကွမ်းသွေးဗူးမကိုင်ထားသည့် လက်တစ်ဘက်ဖြင့် ပယ်ပယ်နယ်နယ်ကြီး ဖျစ်ညှစ်နေပြီး ညီလေးက နှုတ်ဆက်လိုက်သည်။
ညီငယ်၏အမေးကြောင့် ဘူဇွာ၏ လက်တစ်ဘက်က သူ့ခါးကို ရောင်ရမ်း စမ်းမိသွားခဲ့၏။ သို့သော် ဘူဇွာ၏ မျက်နှာကတော့ ပြုံးရွှင်နေလေသည်။
ဗျိုင်းကြီးသည် ဖက်လှဲတကင်းနှုတ်ဆက်နေကြသည့် ညီအစ်ကိုနှစ်ယောက်ကို ကြည့်ပြီး အိမ်မှာ အိပ်မောကျနေကျန်နေရစ်ခဲ့သည့် ညီငယ်ဖြစ်သူကိုပင် လွမ်းသလိုလို ဖြစ်လာတော့၏။
ညီငယ်၏ အိတ်များတင်လာသည့် တွန်းလှည်းလေးကို တွန်းပေးနေရင်းကနေ ဘူဇွာက လှမ်းမေးလိုက်၏။ “မင်း ထွက်လာတော့ မျက်နှာလည်း မကောင်းပါလား... ဘာဖြစ်လာခဲ့တာလဲ။” တဆက်တည်းပင် ဘူဇွာသည် နှာခေါင်း တရှုံ့ရှုံ့လုပ်နေပြီး ထပ်မေးလိုက်ပြန်၏။ “ဟေ့ကောင်... လေယာဉ်ပေါ်မှာ မင်းတော်တော်မှ မူးခဲ့ရဲ့လား... အရက်နံ့ကို ထောင်းနေတာပဲ။”
လေဆိပ်ပြင်ပမှ ပန်းသီးမြို့တော်ကြီး၏ မြင်ကွင်းတစိတ်တဒေသကို ငေးကြည့်နေရင်းကနေ ညီငယ်ဖြစ်သူက ပြန်ဖြေလိုက်သည်။ “ပါးပါးလေးပါကွာ... ဘာမှမဟုတ်ပါဘူး... ဟို သောက်ကောင်မတွေကလည်း တောင်းသလောက် ပေးမသောက်ဘူး။ တော်ပြီ... နောက်ဆို ဒီအဲလိုင်း ဘယ်တော့မှ မစီးတော့ဘူး။” ကွမ်းသွေးဗူးထဲ ကွမ်းသွေးများ ထပ်ထွေးထုတ်နေပြီးမှ ဆက်ပြောနေလိုက်ပြန်၏။ “အရေးထဲ ဟို လဝက ခွေးသားက ရစ်နေသေးတယ်။ အဲဒီလဒရဲ့ သောက်ခွက်ကြီးကို ဖြတ်ရိုက်ချင်လိုက်တာဆိုတာ... လက်ကို ယားနေတာပဲ... ထွီ... မင်းတို့ အမေရိကန် သူတောင်းစားတွေ ချီးတုံးကြီးလှချည်လား။”
ဘူဇွာက ပြေရာပြေကြောင်း နှစ်သိမ့်လိုက်၏။ “အေးပါကွာ... ခွင့်လွှတ်လိုက်ပါ ညီလေးရာ... မင်းလည်း ဒီကို ချောချောမောမော ရောက်လာခဲ့ပြီပဲ။ အဖေတို့ အမေတို့ကော နေကောင်းကျန်းမာကြတယ်မဟုတ်လား။ ငါတို့ အိမ်ပြန်ရောက်မှ ဖုန်းခေါ်ကြတာပေါ့။”
ကားထားသည့်နေရာသို့ ရောက်သောအခါ ညီငယ်လုပ်သူက ရုတ်တရက် ဖြတ်မေးလိုက်၏။ “အစ်ကို... မင်းမှာ ဆေးလိပ် ရှိတယ်မဟုတ်လား။ တိုက်စမ်းပါဦးကွာ... ဒီမှာ ခံတွင်းချဉ်နေပြီ... ရှီးလိုမှပဲ.. ငါ ပါလာတဲ့ ဆေးလိပ်ဗူးလည်း ဖိအိပ်မိလိုက်လို့ ဆေးလိပ်တွေ ကျိုးကုန်ပြီ။”
ကားပေါ်သို့ ပစ္စည်းများ တင်နေရင်း ဘူဇွာက ဆေးလိပ်ဗူးကို ကမ်းပေးလိုက်၏။ ညီ လုပ်သူသည် ဆေးလိပ်ကို နှစ်လိပ်ပြူးထုတ်ယူ၊ လက်ကြားတွင် ညှပ်ထားပြီး တပြိုင်တည်း မီးညှိလိုက်ရာ ဘူဇွာ အံ့ဩထူးဆန်းစွာ ငေးကြည့်နေမိလေတော့သည်။
“အဟွတ်.. ငါ လခွမ်းတဲ့ မာလ်ဗိုရို... ဒီလိုစစ်စစ် မသောက်ရတာ ကြာလှပြီ။ ကောင်းလိုက်တာကွာ... ဟိုက ဟာတွေက မစစ်ဘူးကွ။ ချီးတဲ့မှပဲ ကောင်းလိုက်တာကွာ... အဟွတ်... အေး အဘိုးကြီး အဘွားကြီးတို့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲ။ မင်းကို မိန်းမပေးစားမလို့တဲ့... စီစဉ်နေကြတယ်။ အိမ်ကျမှ ပြောပြမယ်ကွာ... ငါ ထပ်သောက်ချင်နေသေးတယ်။ ချီးမှပဲ... မင်းအိမ်မှာ အရက်ရှိတယ်မဟုတ်လား။”
သူနှင့်ခွဲခွာနေရသည့် အချိန်များအတွင်း ဤမျှပြောင်းလဲသွားခဲ့သည့် ညီငယ်ကို ဘူဇွာ မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ ဒီကောင်လေးကို ဘယ်လို ထိန်းသိမ်းရမလဲဟူသည့် အချက်ပေးခေါင်းလောင်းသံအတွေးများ သူ့ခေါင်းထဲတွင် မြည်ဟီးလာတော့၏။ အဖေတို့၊ အမေတို့နှင့် ဖုန်းဆက်တိုင်း ညီလုပ်သူ၏ ဤဇရိုက်များကို မပြောဖြစ်ခဲ့ကြ။ “ညီလေးကော ဘယ်လိုနေလဲ” ဟုမေးလိုက်သည့်အခါတိုင်းတွင် “အေး.. မင်းညီတော့ အိမ်သိပ် မကပ်ဘူးကွ။ အခုလည်း အပြင်မှာ ရောက်နေတယ်။” ဟူသော အဖြေများသာ ရရှိလာခဲ့သည့်အတွက် ညီဖြစ်သူ၏ အခြေအနေမှန်ကို ဘူဇွာ အမှန်တကယ်ပင် မသိခဲ့ပါ။ ယခုတော့ ရောက်ရောက်လာခြင်းပင် အခြေအနေ အတော်လေး ဆိုးဝါးနေမှန်း စိုးစဉ်းမျှ သိရှိလိုက်ရပေပြီ။ နောက်ထပ် ဘယ်လောက်တောင်များ ဂြိုလ်မွှေဦးမလဲဟု ထိတ်လန့်စွာ တွေးတောမိလာခဲ့၏။
“ညီလေး... မင်းကိုငါ မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါတို့ရဲ့ အစ်ကိုကြီး ကိုဗျိုင်းတဲ့... မင်း ရန်ကုန်မှာ တွေ့ဖူးမလားတော့မသိဘူး။”
“ကိုဗျိုင်း... ဒါက ကျနော့် ညီလေး... ရှောက်သီးလုံး... အိမ်နာမည်ပေါ့... ဟဲဟဲ..”
ဆေးလိပ်နှစ်လိပ်ပြူးမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကို နှာခေါင်းရှုံ့ မှုတ်ထုတ်နေပြီးမှ ရှောက်သီးလုံးက လက်ကမ်း နှုတ်ဆက်လိုက်၏။ “ကိုဗျိုင်းကို ကြားတော့ ကြားဖူးနေတယ်ဗျ။ အခုမှပဲ လူချင်းတွေ့ဖူးတော့တယ်။ တွေ့ရတာ ဝမ်းသာတယ်ဗျာ... ဒါနဲ့ ကိုဗျိုင်းတို့ ဖဲရိုက်တာ ဝါသနာပါတယ်မဟုတ်လား။ အားရင် ဖဲရိုက်ကြရအောင်ဗျာ။”
+++++
ဗျိုင်းကြီးကို အရင်ဆုံး သူ့အိမ်လိုက်ပို့ပေးခဲ့သည်။ ပြီးတော့မှ ဘူဇွာတို့ ညီအစ်ကို နှစ်ယောက် အိမ်ပြန်လာခဲ့ကြ၏။ လမ်းတွင် ဆေးလိပ်ကို မနားတမ်း ဖွာရှိုက်လာသည့် ညီငယ်ကို ကြည့်ပြီး ဘူဇွာ ခေါင်းခါမိနေတော့၏။
“ဟေ့ကောင်... ခါးပတ် ပတ်ထားပါကွ။ ရဲဖမ်းခံနေရဦးမယ်... ဒီမှာက ဟိုမှာလို မဟုတ်ဘူး။ အားလုံး သူ့စည်းကမ်းနဲ့သူ လိုက်နာရတယ်။”
ခါးပတ် ပတ်ထားရသည်မှာ ကျဉ်းကြပ်လာပုံရသည့် ညီငယ်ကို ဘူဇွာ ရှင်းပြလိုက်၏။
ရှောက်သီးလုံးသည် ဘူဇွာ့ကို ဘုကြည့်တစ်ချက်ကြည့်လိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့။ ခါးပတ်ကို ဆောင့်ကြီးအောင့်ကြီးဖြင့် ဆွဲပတ်လိုက်လေတော့သည်။
အိမ်ပြန်ရောက်၍ ပစ္စည်းများ ချအပြီးတွင် ရှောက်သီးလုံးတစ်ယောက် ဂနာမငြိမ်စွာ မွှေနှောက်ရှာဖွေနေ၏။ သူ ဘာရှာနေမှန်း ဘူဇွာ သိနေသောကြောင့် မီးဖိုချောင် ဗီရိုအပေါ်ထပ်တွင် သိမ်းထားသည့် အရက်ပုလင်းကို ထုတ်ပေးလိုက်သည်။ မနက်စောစောစီးစီး အရက်ချောင်းများ စီးတော့မလားဟုပင် ထင်ရလောက်သည်။ ဝီစကီတစ်ခွက်ကို ရေမရော၊ ရေခဲမထည့်ဘဲနှင့် တစ်ဂွတ်တည်း မော့ချလိုက်သည့် ညီငယ်ကို ကြည့်ရင်း ဘူဇွာ မသိမသာ သက်ပြင်းမောကြီး ချမိလိုက်လေသည်။
သူ့အတွက် ပြင်ဆင်ပေးထားသည့် အခန်းထဲရောက်သောအခါ စီးထားသည့် ဖိနပ်ကိုပင်မချွတ်... ခုတင်ပေါ် ဘုန်းကနဲ ပစ်လှဲချပြီး ခြေတနှံ့နှံ့လှုပ်နေသည့် ညီငယ်၏ဘေးတွင် ဘူဇွာ ဝင်ထိုင်လိုက်သည်။
“လုပ်စမ်းပါဦးကွ... ဘာတွေထူးသေးလဲ။ ခဏနေဦး.. ငါ ရန်ကုန်ကို ဖုန်းခေါ်လိုက်ဦးမယ်။ မင်းချောချောမောမော ရောက်လာပြီဆိုတာ အဖေတို့ကို ပြောလိုက်ဦးမယ်။”
ဖုန်းနံပါတ်များစွာကို အကြိမ်ကြိမ် နှိပ်ပြီးမှ လိုင်းကြောင်စွာ ဝင်သွားသည့် ဖုန်းမြည်သံကို စိတ်ရှည်ရှည်ထားပြီး စောင့်နေလိုက်သည်။ တစ်ဘက်မှ ဖုန်းလာကိုင်သည့်အခါ-
“ဟဲလို... မေမေလား။ အေး... သားကြီးပါ... ညီလေး ရောက်လာပြီ... အင်း... အားလုံးအဆင်ပြေပါတယ်။ ချောချောမောမောပါပဲ။ ဟုတ် မေမေ... ဟုတ်ကဲ့.... ဟုတ်.... အင်း... ဒီလိုပါပဲ... ဟုတ်... ဪ... ဒါလား... ရပါတယ် မေမေရဲ့... ဟုတ်... ဟုတ်ကဲ့.... အေးပေါ့... ရပါတယ်... စိတ်မပူပါနဲ့... သား ကြည့်ထိန်းထားပါ့မယ်။ ဟုတ်... ဖေဖေကော နေကောင်းနေတယ်မဟုတ်လား။ ဪ... လမ်းလျှောက်ထွက်သွားတာလား။ ပြန်မရောက်သေးဘူးပေါ့... မေမေကော ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲ မဟုတ်လား။ အင်း... ဒါလောက်တော့ရှိမှာပေါ့ မေမေရယ်... ဟုတ်... မေမေ... ညီလေးနဲ့ ပြောလိုက်ဦးနော်။”
ဖုန်းကို ညီဖြစ်သူထံသို့ ကမ်းပေးလိုက်ရင်း ဘူဇွာ အခန်းတွင်းမှ စိတ်ညစ်ညူးစွာ ထွက်လာမိခဲ့၏။ သူ့ကိုယ်သူ သောင်းကျန်းလှပြီ... ဆိုးလှပြီဟု ထင်ထားခဲ့သည်များအတွက် ညီဖြစ်သူကို တွေ့လိုက်ရသည့် ခဏလေးအချိန်အတွင်းမှာပင် သူဆိုးခဲ့မိုက်ခဲ့သည်များသည် စာမဖွဲ့လောက်ကြောင်း ဘူဇွာ နားလည်သွားခဲ့သည်။ တဖြည်းဖြည်း အချိန်ယူပြီးမှ ညီလေးကို နားလည်အောင် သွန်သင်ပေးရဦးမည်ဟု တေးထားလိုက်တော့၏။
+++++
ဧည့်သည်တစ်ယောက်ကို နယူးဂျာစီဘက် လိုက်ပို့ပြီးအပြန်တွင် ဘူဇွာ့ထံသို့ ဖုန်းဝင်လာသည်။ သူမသိသည့် နံပါတ်ဖြစ်နေသည့်အတွက် အရေးကြီးမည်ဟု ထင်ထားကာ ဖုန်းကောက်ဖွင့်လိုက်သည်။
“Hi.. May I speak to Mr. XXX?”
“Mr. XXX နဲ့ စကားပြောပါရစေ။”
“Yes, speaking.”
“ဟုတ်ကဲ့... ပြောနေပါတယ်ခင်ဗျ။”
“This is NYPD precinct 29 calling. I am calling regarding a guy named XXX and he is in our custody for the charges of a street fight. Mr. XXX, are you his legal guardian? I mean you are his brother, am I right?
“NYPD ရဲစခန်း အမှတ် ၂၉ ကနေ ခေါ်ဆိုနေတာပါ။ XXX လို့အမည်ရတဲ့ လူတစ်ယောက်အတွက် ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ လမ်းပေါ်မှာ ရန်ဖြစ်တဲ့အမှုအတွက် သူ့ကို ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ Mr. XXX,ခင်ဗျားဟာ သူ့ရဲ့ အုပ်ထိန်းသူ ဟုတ်ပါသလား။ ဆိုလိုတာက ခင်ဗျားဟာ သူ့အစ်ကိုဆိုတာ ဟုတ်ပါတယ်နော်။”
“Yes... yes... I am his brother. What happened to him?”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်ခင်ဗျ... ကျနော် သူ့အစ်ကိုပါ။ သူ ဘာဖြစ်လို့လဲခင်ဗျာ။”
“I am just informing you that you can bail him out and face the trial at a later time. You can come down to our precinct in regular business hours between 9 to 5. Our address is XXXX. Make sure you bring a proper ID, a check book and prepare to write a check of $2,000. Have a nice day! We will see you soon.”
“သူ့ကို အာမခံငွေနဲ့ ရွေးထုတ်ပြီး နောက်မှ တရားရုံးမှာ ဆက်ရှင်းလို့ရတယ်ဆိုတဲ့အကြောင်း ခင်ဗျားကို အသိပေးတာပါ။ ကျနော်တို့ ရဲစခန်းကို ပုံမှန် ရုံးချိန်ဖြစ်တဲ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်းမှာ လာရောက်နိုင်ပါတယ်။ ကျနော်တို့ လိပ်စာကတော့ XXXX ပါ။ ခင်ဗျား လာတဲ့အခါကျရင် ID ကဒ်ယူလာခဲ့ဖို့ မမေ့ပါနဲ့၊ ပြီးတော့ ချက်လက်မှတ်စာအုပ်လည်း ယူလာခဲ့ပါ။ ဒေါ်လာ နှစ်ထောင်တန် ချက်တစ်စောင် ရေးဖို့လည်း အဆင်သင့် ပြင်ထားပါ။ ကောင်းသောနေ့ ဖြစ်ပါစေခင်ဗျာ။ မကြာခင်မှာ တွေ့ကြတာပေါ့။”

Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်