Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


မောင်သစ်မင်းရဲ့ နတ္ထိအခန်း

ဘာမှမရှိလို့ နတ္ထိ ခေါ်ရစတမ်းဆို
ရှိနေခြင်းကနေ ပျောက်ကွယ်သွားတာကို ဘယ်လိုခေါ်မလဲ
ဗလာဆိုတာ နတ္ထိမဟုတ်
မရှိခြင်းကသာလျှင် နတ္ထိ လို့ ဆိုချင်တယ်...

ဆုံးရှုံးမှုတစ်ခုဟာ ထုထည်ကြီးမား
သတင်းကြားခဲ့ရ ငါ...
နတ္ထိကိုဗလာဖွဲ့လို့
မရှိခြင်းတွေ ဆန်းစစ်ကြည့်တဲ့အခါ...
စကားလုံးအားတွေ ရုန်းကြွခဲ့
ခေတ်ကို ပျိုနုစေခဲ့
ရာဇဝင်ကို နိုးထစေခဲ့
ရှင်သန်နေဆဲ တေးသွားတွေ...

ဒီ...
ကွင်းပြင်ကြီးမှာ
လွင့်ပါမြောနေ...

ဒီ...
မြက်ခင်းစိမ်းများပေါ်မှာ
လူးလွန့်ကူးခတ်...

ဒီ...
ကောင်းကင်ကြီးထဲ...
မိုးတိမ်တွေလို အမြဲပျံသန်း...

ဒီ...
အခန်းထဲမှာ...
... .... ...... ......... ..........
.......... ......... ...... .... ...
ဘာ..မှ... မရှိတော့ဘူး...

ကြေ... ကွဲ... စရာများလည်း
အငွေ့ပျံသန်း
ငါ့ရဲ့နတ္ထိအခန်းထဲမှာ
နှုတ်ဆက်တေးသီချင်းတွေ
ငိုကြွေးနေ။ ။

0 Comments: