Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၀) ရင်ခုန်သံနိဒါန်း


စာသင်ရက်များတွင် ဘူဇွာ့အတွက် လေ့လာစရာများ အများအပြားရှိနေသည်။ နိုင်ငံတကာမှ လာရောက်သော ကျောင်းသား/ကျောင်းသူများထံမှ သူတို့နိုင်ငံများအကြောင်းကို လေ့လာစရာများ မကုန်နိုင်မဆုံးနိုင် ဖြစ်နေရသည်။ သို့သော် များသောအားဖြင့် စကားမပေါက်ကြချေ။ သူပြောသော အင်္ဂလိပ်လို ဆိုလိုရင်းကို ကိုယ်က ကောင်းစွာ နားမလည်ခဲ့သလို ကိုယ်ပြောသော အင်္ဂလိပ်စကားကိုလည်း သူတို့ ကောင်းစွာ နားလည်ကြပုံမရ။

ကျောင်းတော်ကြီးသည် ကြီးမားကျယ်ဝန်းလှပြီး အဆောင်များသည်လည်း တစ်ဆောင်နှင့်တစ်ဆောင် ခပ်လှမ်းလှမ်းတွင် ရှိနေကြ၏။ ဘူဇွာတို့၏ နိုင်ငံတကာကျောင်းကလေးသည် ပင်မကျောင်းဆောင်များနှင့် ပို၍ပင် အလှမ်းဝေးနေသေး၏။ မြို့ထဲအနီးတဝိုက်ကိုလည်း မသွားတတ်၊ မလာတတ်သေး။ သွားလျှင်လည်း ဘတ်စ်ကားကို ခြေညောင်းအောင် စောင့်စီးရသေး၏။ တနင်္လာမှ သောကြာနေ့အထိ မနက် ၈း၃၀ မှ ညနေ ၅း၀၀ အထိ ဘတ်စ်ကားသည် နာရီဝက်တစ်စီးလာသော်လည်း ညနေ ၅ နာရီကျော်သွားလျှင်မူ တစ်နာရီတစ်စီးသာ လာတော့သည်။ ည ၁၂ နာရီကျော်သွားလျှင်မူ မည်သည့်ဘတ်စ်ကားမှ မရှိတော့ချေ။ စနေ၊ တနင်္ဂနွေတွင်မူ မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ တစ်နာရီခြား တစ်စီးသာရှိ၏။ ကိုယ်ပိုင်ကားလေးတစ်စီးလောက်မှ မရှိလျှင် သွားရေးလာရေး အတော် ကသိကအောက်နိုင်၏။

ထို့ကြောင့် ဘူဇွာသည် များသောအားဖြင့် ကျောင်းဝင်းတွင်း၌သာ အချိန်ကုန်လေ့ရှိပြီး မဖြစ်မနေ အပြင်ထွက်ရမည်ဆိုမှသာ ထွက်လေ့ရှိသည်။ ပါလာသည့် ပိုက်ဆံများကလည်း ကျောင်းလခ ပေးလိုက်ရသောကြောင့် တော်တော်လေး လျော့သွားပြီဖြစ်သည်။ ဘူဇွာ အလုပ်လုပ်ချင်နေ၏။ သို့သော် ဘယ်မှာလုပ်ရမည်မှန်းလည်း မရှာတတ်သေး။

ကိုဗျိုင်းနှင့် ဖုန်းပြောရတိုင်း ကိုဗျိုင်းတို့၏ ပန်းသီးမြို့တော်ကြီးကို ဘူဇွာ အားကျမိသည်။ ဘတ်စ်ကား၊ မြေအောက်ရထားများ ၂၄ နာရီပတ်လုံးရှိသည်။ သွားချင်ရာသွားလို့ရသလို အချိန်ကိုလည်း တိတိုင်းပြီး စောင့်စီးစရာမလိုချေ။ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများသလို အလုပ်လုပ်ရင်း ကျောင်းတက်နိုင်သေး၏။

ကိုဗျိုင်းကို “ခင်ဗျား အခု ဘာအလုပ်လုပ်နေလဲ” ဟုမေးကြည့်တော့ ကိုဗျိုင်းက “ဒီလိုပါပဲ” ဟုသာ ပြန်ဖြေခဲ့သည်။ ဘူဇွာ နားပူနားဆာလုပ်ပြီး မေးလွန်းမက မေးတော့မှသာ မဖြေချင့်ဖြေချင်ဖြင့် ပြန်ဖြေလေသည်။ “ငါ အခု Laundry ဆိုင်တစ်ဆိုင်မှာ လုပ်နေတယ်။”

ကိုယ်တိုင် အဝတ်လျှော်ရမှာ အပျင်းကြီးလွန်းသူ၊ ကိုယ်တိုင် မီးပူတိုက်ရမှာ သေလောက်အောင် ကြောက်တတ်သူတစ်ယောက်က အဝတ်လျှော်ဆိုင်၊ အဝတ်အခြောက်ခံဆိုင်တွင် အလုပ်လုပ်နေသည်ဆိုတော့ ဘူဇွာ ပြုံးမိသွားခဲ့သည်။

ကိုဗျိုင်းကို ဘူဇွာက အကူအညီတောင်းခဲ့သည်။ သူလည်း ပန်းသီးမြို့တော်ကို လာချင်သည်ဟု...

သို့သော် ဘူဇွာတို့လို နိုင်ငံတကာကျောင်းသားများက ပြောင်းချင်သည့်နေရာကို ပြောင်း၍ရသည်မဟုတ်။ I20 ဟုခေါ်သော ကျောင်းသားဗီဇာ ထုတ်ပေးသည့် ကျောင်းတွင်ပင် တက်ရသည်။ ကျောင်းမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ကျောင်းသားဗီဇာလည်း သက်တမ်းကုန်ဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် ပန်းသီးမြို့တော်မှ ကျောင်းတစ်ကျောင်းကို ဘူဇွာ အပြင်းအထန် စုံစမ်းနေတော့သည်။

ကိုဗျိုင်း၏ အကူအညီဖြင့် ကျောင်းတစ်ကျောင်းနှင့် ဆက်သွယ်မိသွားပြီး ကျောင်းသားဗီဇာ ထုတ်ပေးသော ကျောင်းတစ်ကျောင်းက ဘူဇွာ့ကို ကျောင်းသားအဖြစ် လက်ခံပေးခဲ့သည်။ သည် စာသင်ရာသီ (semester) ကုန်လျှင်တော့ ပန်းသီးမြို့တော်ကို ပြောင်းမည်ဟု ဘူဇွာ ဆုံးဖြတ်ထားလေသည်။

+++++

ဘူဇွာတို့၏ နိုင်ငံတကာ ကျောင်းလေးတွင် နိုင်ငံတကာမှ ကျောင်းသားများသာ ရှိကြသောကြောင့် အင်္ဂလိပ်လို အသံထွက်များသည်လည်း နိုင်ငံတကာသံ ပေါက်နေ၏။ တစ်နေ့တွင် ဆရာက အသံထွက်များနှင့်ပတ်သက်သော လေ့ကျင့်ခန်းများကို လေ့ကျင့်ခိုင်းခဲ့ပြီး အသံထွက်နှင့် ပတ်သက်ပြီး မှားတတ်သော အသံထွက် အမှားများကို အမှတ်ရစရာအဖြစ် တစ်ယောက်ချင်း ထပြောပါဆိုတော့ ဘူဇွာ၏ အတွေးများက မန္တလေးတွင်ကျန်ခဲ့သော သူငယ်ချင်းများကို သွားအမှတ်ရမိလိုက်သေး၏။

ဘူဇွာတို့၏ အင်္ဂလိပ်စာဆရာကြီးသည် ၁၀ တန်း အင်္ဂလိပ်စာကို ဌာန်ကရိုဏ်းကျကျ သင်ပေးခဲ့သည်။ သဒ္ဒါအပါအဝင် အသံထွက်များကိုပါ မှန်မှန်ကန်ကန် ထွက်ဆိုတတ်အောင် ဘူဇွာတို့ကို လေ့ကျင့်ပေးခဲ့သည်။ တစ်နေ့ ဆရာကြီးက သဒ္ဒါနှင့်ပတ်သက်သော စာကြောင်းတစ်ကြောင်းကို ရေးပြခဲ့ပြီး ဘူဇွာတို့ကို အသံထွက်၍ ဖတ်ခိုင်းခဲ့သည်။ ထိုစာကြောင်းတွင် cigarette ဆိုသော စကားလုံး ပါရှိလေသည်။ ဘူဇွာတို့ကတော့ ဆေးလိပ်ကို ဖင်မီးခိုးထွက်အောင် သောက်တတ်သူများဖြစ်၍ အသံထွက်ကို သိရှိသော်လည်း အတန်းထဲမှ မိန်းကလေး အတော်များများက စဉ်းစားနေကြပုံရသည်။

ဆရာကြီးက မိန်းကလေးတစ်ယောက်ကို ဖတ်စမ်းဆို ပြောတော့... ကောင်မလေးက ပထမတော့ ထစ်နေသေး၏။ ထို့ကြောင့် ဘူဇွာ့ရှေ့မှ သူငယ်ချင်းတစ်ယောက်က ဆရာကြီးမကြားအောင်၊ ထိုကောင်မလေးကို အနောက်ကနေ တိုးတိုးလေး သင်ပေးလိုက်သည်။ ကောင်မလေးကလည်း ထိုအသံထွက်အတိုင်းပင် လိုက်ထွက်ခဲ့လေသည်။ “စီဂါရက်တီ” ဟု...

ဆရာကြီးက “အဲဒါကို စီးကရက်လို့ အသံထွက်တယ်... မင်းတို့ လက်တည့်စမ်း သောက်နေကြတဲ့ ဆေးလိပ်လေ… မသိဘူးလား...” ဟု စိတ်ဆိုးစွာ ပြောခဲ့လေသည်။

ဘူဇွာတို့ ကျူရှင်ဆင်းတော့ ကောင်မလေးက ဘူဇွာ့ သူငယ်ချင်းနားကို ရောက်လာခဲ့သည်။ “ဟယ်… တော်သေးတာပေါ့… နင်ကူပြီး ပြောပေးလို့ပါလား… ငါ အစတုန်းက ထင်ထားတာက ငါတို့ လမ်းထိပ်က “ဆိုက္ကားဂိတ်” ကို ပြောတယ်မှတ်လို့ ဆိုက္ကားဂိတ်လို့ အသံထွက်တော့မလို့ဟဲ့…” ဟု ဆိုလာတော့ ဘူဇွာတို့တစ်သိုက် မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်မောခဲ့ရသေးသည်။

နောက်တစ်ခု မှတ်မှတ်ရရရှိတာကတော့ ဘူဇွာ့ဘေးတွင် ထိုင်သူ သူငယ်ချင်းတစ်ဦး၏ အသံထွက်အမှားဖြစ်သည်။ ထိုဆရာကြီးကပင်... စာသင်နေရင်းကနေ စကားမစပ်စွာ မေးမြန်းခဲ့သည်။ “မင်းတို့တတွေကွာ... တီးဝိုင်းမှာ လျှပ်စစ်ကြိုးတွေပါတဲ့ ကိရိယာတွေနဲ့ မသွယ်ထားဘဲ တီးတဲ့တီးဝိုင်းကို ဘယ်လို ခေါ်လဲသိလား။”

သီချင်းရူးရူးနေသူ ဘူဇွာ့သူငယ်ချင်းက မဆိုင်းမတွပင် အဖြေပေးလိုက်၏။ “သိပါတယ်ဆရာကြီး... unplugged အန်ပလူးဂတ် လို့ခေါ်ပါတယ်” ဆိုတော့ ဆရာကြီး ရယ်လိုက်သည့်ဖြစ်ခြင်း...

+++++

ထိုအကြောင်းများကို ဘူဇွာသည် သူ သိသလောက် အင်္ဂလိပ်စကားလုံးများဖြင့် အတန်းသားများ နားလည်အောင် ရှင်းပြလိုက်သည်။ တစ်တန်းလုံး သူ၏ ဟာသကို သဘောကျသွားခဲ့လေသည်။ ဆရာသည်လည်း ထိုနေ့မှစ၍ ဘူဇွာနှင့် ခင်မင်ရင်းနှီးလာခဲ့တော့သည်။

ထိုဆရာသည် ကျောင်းအားရက်များတွင် အမဲပစ်ထွက်လေ့ရှိသည်။ ဘူဇွာနှင့် ရင်းနှီးလာပြီးနောက်... သူအမဲပစ်ထွက်တိုင်း ဘူဇွာ့ကို အဖော်ခေါ်လေ့ရှိသည်။ များသောအားဖြင့် ဘူဇွာတို့ အမဲပစ်ထွက်သည့်နေရာများသည် သူတို့ကျောင်း၏ အနောက်ဘက်စွန်းစွန်း သစ်တောကြီးထဲတွင်ပင်ဖြစ်၏။

ရတတ်သည့် သားကောင်များမှာ… သမင်နှင့် ဆတ်များ ရရှိတတ်သည်။ ထိုစဉ်တုန်းကဆိုလျှင် ဘူဇွာ့အတွက် အသားထွက်ဝယ်စရာမလိုလောက်အောင်ကို တောကောင်သားများ ပေါသီစွာ စားသောက်ခဲ့ရ၏။ မြန်မာပြည်မှာ နေခဲ့စဉ်တုန်းကပင် တောကောင်သားများကို ဤမျှလောက် ပေါများစွာ မစားခဲ့ဖူး...

အဘယ်ကြောင့်ဆိုသော် ဆရာသည် အသားအတွက် အမဲလိုက်ခြင်းမဟုတ်ဘဲ ဦးချိုများအတွက်သာ အမဲလိုက်ခြင်း ဖြစ်သောကြောင့်ဖြစ်၏။

အမဲလိုက်ရာတွင်လည်း သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ရှိမှရကြောင်း ဘူဇွာ သိလာခဲ့ရသည်။ တဖြည်းဖြည်းနှင့် ဘူဇွာ နားလည်လာသည်မှာ ဤနိုင်ငံတွင် ဘာပဲလုပ်လုပ် စာရွက်စာတမ်းများနှင့် ဥပဒေများ၏ အခန်းကဏ္ဍ အရေးပါခြင်းပင်ဖြစ်သည်။

+++++

နိုင်ငံတကာကျောင်း၏ သင်ရိုးညွှန်းတမ်းများလည်း ကုန်ဆုံးတော့မည်။ နောက်အပတ် စာမေးပွဲ ဖြေပြီးပြီဆိုလျှင် စာသင်ရာသီတစ်ခု ကုန်ဆုံးတော့မည်ဖြစ်၏။ နောက်ထပ် အဆင့်တစ်ဆင့်ထပ်တက်ရန်အတွက် အချို့ကျောင်းသားများက ကြိုတင်စာရင်းပင် ပေးသွင်းထားကြပြီးဖြစ်သည်။

ဘူဇွာကတော့ ကိုယ့်အစီအစဉ်နှင့်ကိုယ်... ပန်းသီးမြို့တော်ကို လာရောက်မည်ဖြစ်သောကြောင့် ထိုကျောင်းကို သံယောဇဉ် ဖြတ်ထားလိုက်သည်။

သံယောဇဉ်ဖြတ်ထားပါသည်ဆိုမှ ဘူဇွာ့ကို လာပြီးတွယ်ငြိနေသော သံယောဇဉ် အမျှင်တန်းလေးတစ်ခုကလည်း ရှိနေသေး၏။ ဘူဇွာတို့ အတန်းထဲမှ ဂျပန်မ ၀ဝကစ်ကစ်လေးတစ်ယောက်ဖြစ်သည်။ အတန်းထဲတွင် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ… စာအတူတူလုပ်ရသည့် အခါများတွင် ထိုကောင်မလေးသည် ဘူဇွာပါသည့်အဖွဲ့တွင် အမြဲ ပါလာလေ့ရှိသည်။

သံယောဇဉ်ဖြတ်မည်ဟု ဆုံးဖြတ်ထားသောကြောင့် ဘူဇွာသည် ပန်းသီးမြို့တော်သို့ ပြောင်းမည့်အကြောင်းများကို ဘယ်သူ့ကိုမှ မပြောပြခဲ့ချေ။ သို့သော် စာမေးပွဲဖြေပြီးသည့်နေ့တွင်မူ ဂျပန်မလေးကို ပြောပြခဲ့၏။ သူမက မေးမြန်းလာသောကြောင့်လည်းဖြစ်သည်။ “နင်ကျောင်းခဏပိတ်ထားတုန်း ဘယ်ကိုသွားဖို့ အစီအစဉ်ရှိလဲ” ဟု စကားဦးသန်း မေးမြန်းလာခဲ့သော မိန်းကလေးကို ဘူဇွာ အမှန်အတိုင်းပင် ပြောပြလိုက်သည်။

သူမကတော့ ဖလော်ရီဒါတွင်ရှိသော သူမ၏ ဦးလေးထံတွင် သွားလည်မည်ဟု ဆိုသည်။

ဘူဇွာ ပန်းသီးမြို့တော်သို့ မထွက်ခွာခင် ညနေခင်းအချိန်...

ပစ္စည်းများ သိမ်းဆည်းနေသော ဘူဇွာသည် အခန်းတံခါးခေါက်သံကြောင့် “ဘယ်သူလဲ...” ဟု မေးမြန်းလိုက်၏။ အပြင်ဘက်မှ မိန်းကလေးတစ်ယောက်၏အသံ ထွက်ပေါ်လာပြီး “ကျမပါ..” ဟု ပြန်ဖြေသံ ကြားလိုက်ရသည်။

ဘူဇွာ တံခါးဖွင့်ပေးလိုက်သောအခါတွင် ညဝတ်အင်္ကျီ အနီရောင်တောက်တောက်လေး ဝတ်ဆင်ထားပြီး လက်ထဲတွင် ဝိုင်နီတစ်ပုလင်းနှင့် သူ့အတွက် လက်ဆောင်ဖြစ်ဟန်တူသော အထုပ်တစ်ထုပ်ကို ကိုင်ဆောင်ထားသည့် ဂျပန်မလေးကို တွေ့လိုက်ရ၏။

+++++

ပန်းသီးမြို့တော်သို့ ထွက်ခွာလာသော ဘတ်စ်ကားကြီးပေါ်တွင် ဘူဇွာတစ်ယောက် ငေးငေးငိုင်ငိုင်ဖြင့် လိုက်ပါလာလေသည်။

ဘတ်စ်ကားဂိတ်သို့ မနက် ၉ နာရီတိတိ အရောက်သွားရန် တာဆူနေသော ဘူဇွာ့ကို ဂျပန်မလေးက အိပ်ယာထဲမှ ဆွေးဆွေးလေးကြည့်ပြီး ဂျပန်သံဝဲဝဲလေးဖြင့် ပြောနေခဲ့၏။ “I am not going to send you off, you know. I’ll be here; lying in the bed, trying to remember our sweet moment from last night. Please take care of yourself, ok? ... I’ll keep in touch with you.”

ဘတ်စ်ကားပေါ်၌...

ဘူဇွာ၏ ရင်ဘတ်ကြီးက တလှိုက်လှိုက် ခုန်နေတုန်း...

0 Comments: