Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၉) ဘူဇွာနှင့်တောကောင်များ
လေဆိပ်မှ ထွက်ချိန်တွင် မနက် ၁၀း၃၀ ခန့်ရှိနေပြီဖြစ်သည်။ အမှန်မှာ လေယာဉ်ပျံဆိုက်တုန်းက မနက် ၈ နာရီပင်မထိုးသေး… လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်အခွန်ဌာနတို့တွင် တော်တော်လေး အချိန်ကုန်ခဲ့ရသည်။ အပြင်သို့ရောက်သည်နှင့် နယူးယောက်မြို့ကြီး၏လေကို တ၀ကြီး ရှူသွင်းလိုက်သည်။
ယခုအချိန်ထိ နားတွေ အူနေတုန်းဖြစ်၏။ လူကလည်း နမူးနထူးဖြစ်နေသည်။ သူ့ကို ပိုက်ဆံ ၁၅၀ အပိုတောင်းခဲ့သည့်အတွက် လေယာဉ်ပျံပေါ်မှာတုန်းက ကောင်းကောင်း လက်စားပြန်ချေပေးခဲ့သည်။ ယိုးဒယားလူမျိုးများ၏ လေယာဉ်ပျံဖြစ်သောကြောင့် သောက်စရာများ အလျှံပယ် ရနိုင်သည်မဟုတ်ပါလား။ ဘူဇွာသည် ရသမျှ အကုန် တောင်းသောက်ခဲ့သည်။ သူ့ဗိုက်ထဲတွင် ဝိုင်အနီများ ရှိနေသလို ဝီစကီများလည်း ရှိနေသေး၏။ ချမ်းလွန်းလို့ဆိုပြီး စောင်အပိုတစ်ထည်ကိုလည်း အလှဆုံးဆိုသော လေယာဉ်မယ်လေးထံမှ တောင်းယူခဲ့ပြန်သေးသည်။
အပြင်သို့ရောက်သည်နှင့် အစ်မကြီး ထည့်ပေးလိုက်သော သူ့ကျောပိုးအိတ်ထဲမှ လမ်းညွှန်မြေပုံကို သေသေချာချာ ပြန်ဖတ်ကြည့်လိုက်သည်။ JFK လေဆိပ်ကနေ Manhattan ဆိုသော မြို့ထဲသို့ သွားရဦးမည်။ သူ့အိတ်ကြီးနှစ်အိတ်ဖြင့် တက္ကစီငှားစီးရန်မှလွဲပြီး အခြားမည်သည့် ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းမှ မမြင်။
ထို့ကြောင့် တက္ကစီအဝါများ တန်းစီနေသော နေရာသို့ အိတ်ကြီးနှစ်လုံးကို တွန်းလှည်းဖြင့်တွန်းကာ လျှောက်သွားလိုက်သည်။ လေဆိပ်ကြီးက ကားတွေရော… လူတွေပါ ပျားပန်းခတ် ရှုပ်နေပါလား… တက္ကစီအဝါများလည်း များပြားလှစွာ တန်းစီစောင့်နေကြ၏။
တက္ကစီစီးဖို့ပင် လိုင်းတန်းစီနေရသေးသည်။ အိပ်ချင်မူးတူးဖြင့် ဘူဇွာ ဟိုငေးသည်ငေးလုပ်နေကာ လိုင်းကြီးရွေ့လျားရာသို့ တဖြည်းဖြည်းချင်း လိုက်ပါလာခဲ့သည်။ လိုင်းစီရသောအကျင့်ကို ခြေချချချင်းပင် ဘူဇွာ နားလည်သွားသည်။
သူ့အလှည့်ရောက်လာတော့ တက္ကစီမောင်းသူက လူမည်းတစ်ယောက်ဖြစ်နေ၏။ ခေါင်းပေါင်းများနှင့် ပန်ချာဘီများလည်း အတော်များများ တွေ့နေရသည်။ အရှေ့တိုင်းသားချင်းဆိုတော့ သူတို့လို ဒရိုင်ဘာတွေနှင့် လိုက်စီးရလျှင် ပိုကောင်းမည်ဟု ဘူဇွာ တွေးထားသော်လည်း လူမည်းနှင့်တွေ့တော့ကော… ဘာဖြစ်သေးလဲဟုသာ သဘောပိုက်ထားလိုက်သည်။
အမေရိကန်စင်တာမှ အင်္ဂလိပ်စာ အကျအနသင်ထားသော ဘူဇွာအတွက် သိပ်ပြီးတော့ စကားထစ်ငေါ့နေခြင်းများ မရှိခဲ့ပါ။ ကားပေါ်တက်တက်ချင်းပင် ကားထဲမှ အာဖရိကန် တေးသီချင်းသံများကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ ကားနောက်ဖုံးတွင်းသို့ အိတ်ကြီးများကို မနိုင့်တနိုင် တင်ပေးပြီး ကားတွင်းသို့ ဘူဇွာ လှမ်းဝင်လိုက်သည်။ ပြီးနောက် ခေါင်းတညိတ်ညိတ်ဖြင့် သီချင်းသံအတိုင်း စီးဝါးလိုက်နေလိုက်၏။
မတ်လလယ်လောက်ဖြစ်သော်လည်း နယူးယောက်တွင် တော်တော်လေး အေးနေသေး၏။ ဒီအချိန်လောက်ဆို ရန်ကုန်မှာ တော်တော်လေး ပူပြင်းနေလောက်ပေပြီ။ ရာသီဥတုက ကွာခြားလှချည်လား… လက်တွင်ပတ်ထားသော လက်ပတ်နာရီကိုလည်း လေဆိပ်တွင်းမှာပင် ဒေသစံတော်ချိန်အတိုင်း ပြောင်းလဲခဲ့ပြီးလေပြီ။ ဤအရာများအားလုံးကို အစ်မကြီးက သင်ကြားထားပေးခဲ့သည်မဟုတ်ပါလား။
ကားဒရိုင်ဘာမေးမြန်းလာသော အင်္ဂလိပ်စကားကို မနည်းပင် ဖမ်းယူနားထောင်လိုက်ရသည်။ ဪ… ဘယ်ကိုသွားမှာလဲလို့ ငါ့ကို မေးနေတာပါလားဟု နှစ်ခါလောက် ပြောပြီးမှ သိလိုက်ရလေသည်။ ဘူဇွာ အူမြူးနေ၏။ ဤနိုင်ငံတွင် သူလိုကိုယ်လိုလူတွေ အများသားပါလားဟု…
အစ်မကြီး ရေးပေးလိုက်သော လိပ်စာကို ဒရိုင်ဘာကြီးအား ပေးဖတ်လိုက်သည်။ သူအဲဒီနေရာကို သွားမည်ပေါ့။ နယူးယောက် တက္ကစီဒရိုင်ဘာတစ်ယောက်အတွက် ဘူဇွာ့ကို ဘယ်လိုမြင်နေသလဲတော့မသိ… ကိုယ့်ကိုယ်ကိုတော့ ဘာမှမထူးခြားဟုသာ ထင်နေလေသည်။
Port Authority Bus Terminal…
ထိုဘတ်စ်ကားဂိတ်ကြီးသို့ မရောက်ခင် လမ်းတစ်လျှောက်လုံး ဘူဇွာတစ်ယောက် နားအူပြီး လိုက်ပါလာခဲ့ရသည်။ ဒရိုင်ဘာကြီးသည် စကားပြောဆိုလျှင်လည်း အသံကျယ်ကြီးဖြင့် ပြောတတ်၏။ ဖုန်းကလည်း တဂွမ်ဂွမ်ဖြင့် ခဏခဏ ပြောဆိုနေသည်။ ဒရိုင်ဘာကြီးပြောသည့် အင်္ဂလိပ်စကားများကို ဘူဇွာ နားမလည်ခဲ့ပါ။
လမ်းတွင် ဘူဇွာသည် တက္ကစီပေါ်ရေးထားသည့်စာများကို စိတ်ပါဝင်စားစွာ ဖတ်နေလိုက်သည်။ တစ်မိုင်သွားလျှင် ဘယ်လောက်နှုန်းကျမည်၊ JFK လေဆိပ်မှ Manhattan မြို့ထဲသို့ဆိုလျှင် ၃၅ ဒေါ်လာကျမည်… စသည်ဖြင့် နှုန်းထားများကို သေသေချာချာရေးပြီး ကပ်ထားပေး၏။
ဘတ်စ်ကားဂိတ်ကြီးသို့လည်းအရောက်… ပစ္စည်းများလည်း ချပေးပြီးရော… ဘူဇွာက မေးမြန်းလိုက်သည်။ “How much?”
ဒရိုင်ဘာကြီးက လက်ငါးချောင်း ထောင်ပြလိုက်ပြီး… “$50.00”
ဘူဇွာ ဓာတ်သွားသည်… ဒီကောင်တော့ ငါ့ကို လူလည်လုပ်ပြီဆိုပြီးတော့… ဘူဇွာက ကားနောက်ခန်းထဲသို့ လက်ညှိုးထိုးပြလိုက်ပြီး… “No. $50 … only $35… ok?”
ဒရိုင်ဘာကြီး၏မျက်နှာက စပ်ဖြီးဖြီးဖြစ်သွားခဲ့ပြီး… “Ok.. ok… but I have to charge you for the toll though. Total of $38.50.. ok?”
ဘာပြောမှန်းတော့မသိ ဘူဇွာ ၂၀ တန်နှစ်ရွက် ထုတ်ပေးလိုက်၏။ ပိုတာ ပြန်အမ်းစရာမလိုဆိုပြီး လက်ခါပြလိုက်သေးသည်။ ဒရိုင်ဘာကြီးကတော့ မျက်နှာကြီး ရှုံ့တွသွားပြီး ထွက်ခွာသွားလေပြီ…
လူအများ ပျားကောင်များလို ဥဒဟို သွားလာလှုပ်ရှားနေကြသော မြို့ကြီး၏ အလယ်ခေါင်တည့်တည့်ကြီးတွင် ဘူဇွာ တစ်ယောက် ငေးကြောင်ကြောင်ဖြင့် ရပ်နေ၏။ သူ ဘယ်ကို ဆက်သွားရမည်လဲမသိ… ဘတ်စ်ကားဂိတ်သာ ပြောသည်… ဘတ်စ်ကားများလည်း တစ်စီးမှပင်မတွေ့… အစ်မကြီး print ထုတ်ပေးလိုက်သော စာရွက်ကြီးကို ပြန်ထုတ်ကြည့်လိုက်သည်။ ဪ… ဘတ်စ်ကားစီးဖို့ အထဲကို ဝင်ရမှာပါလား… ပြီးတော့ အောက်ကိုလည်း ဆင်းရဦးမယ် ဆိုပါလား…
သို့သော် ကြီးမားလေးလံလှသော ပေါင်ချိန် ၇၀ အသီးသီးရှိသည့် ထိုအိတ်ကြီးနှစ်အိတ်ဖြင့် ဘတ်စ်ကားဂိတ်ကို သူ ဘယ်လိုလုပ်ပြီး သွားရမည်လဲ… လေဆိပ်ထဲမှာလို တွန်းလှည်းလည်းမရှိချေ။ ဘူဇွာ အကြပ်ရိုက်နေ၏။ အကြံအိုက်နေ၏။ ဗျိုင်းကြီးကိုခေါ်ပြီး အကူအညီလှမ်းတောင်းရင် ကောင်းမလားဟု စဉ်းစားလိုက်သေးသည်။ သို့သော် သူ ယိုးဒယား၌ရှိနေစဉ်တုန်းက သူရောက်လာမည့်ရက်ကို ဗျိုင်းကြီးထံ အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ရာ သည်နေ့အတွက် ဗျိုင်းကြီးတစ်ယောက် မအားဟု သိခဲ့ရသည်။ ကျောင်းသွားစရာရှိနေသော ဗျိုင်းကြီးကို အနှောင့်အယှက် မပေးချင်တော့ပါ။ ဤနိုင်ငံတွင် သူ သိသူဆို၍ ဗျိုင်းကြီးတစ်ယောက်သာ ရှိသည်မဟုတ်ပါလား။ ကိုဗျိုင်းကို ဒုက္ခမပေးချင်တော့။
ထို့ကြောင့် ဟိုဟိုသည်သည်နှင့် ကြည့်နေလိုက်၏။ ဘူဇွာ အကြံထုတ်ရပေတော့မည်။ ထိုအိတ်ကြီးများကို ဘတ်စ်ကားဂိတ်ရှိရာအောက်သို့ မည်သည့်နည်းနှင့် ယူသွားရမည်နည်း…
သူပဲ ကံကောင်းသည်လား… ထိုသူပဲ ကံဆိုးသူမောင်ရှင်ဖြစ်သည်လားတော့မသိ… NYPD ရဲသားတစ်ယောက်ကို မတ်တတ်ရပ်လျှက်သား ဟန်နှင့်ပန်နှင့် ဘူဇွာ တွေ့လိုက်ရသည်။ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးသည်ကတော့ ပန်းသီးမြို့တော်၏ ရဲသားများသည် “ကူညီပါရစေ” ဆိုသော ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်သည်ဟု…
ရဲသားကြီးထံ ဘူဇွာ ခပ်ဖြီးဖြီးလေး ချဉ်းကပ်သွားလိုက်သည်။ ပြီးနောက် ချိုသာ ယဉ်ကျေးလှစွာ အကူအညီတောင်းလိုက်၏။ “Hi, how are you policeman?” Officer ဆိုသော အသုံးအနှုန်းကို ထိုအချိန်က ဘူဇွာ မသိသေးသလို Luggage ဆိုသော အသုံးအနှုန်းကိုလည်း ကောင်းကောင်း မသုံးတတ်သေး… တတ်သလောက် မှတ်သလောက်ဖြင့် ရမ်းတုတ်ခြင်းဖြစ်၏။
‘I will go to Bus and come back here. Can you please watch my bags?”
ရဲသားကြီးက ဘူဇွာ့ကို ခပ်မှုန်တေတေ စိုက်ကြည့်နေ၏။ ပြီးနောက် ဘူဇွာ၏ အထုပ်ကြီးများကို မသင်္ကာသလိုမျိုးလည်း ကြည့်နေပြန်သည်။ “What are those?”
ဘူဇွာက ရဲသားကြီး ဘာသဘောနှင့် မေးမြန်းလိုက်မှန်း ကောင်းကောင်းမသိလိုက်ဘဲ ဖြေချင်ရာဖြေလိုက်သည်။ “My bags… I came from airport. Thank you.”
အိတ်ကြီးတစ်အိတ်ကို ဘူဇွာ မ,ထမ်းလိုက်သည်။ သူ့အတွက်တော့ သိပ်ပြီးအပမ်းမကြီးလှပေမယ့် ရဲသားကြီးကတော့ အံ့ဩသော မျက်လုံးများဖြင့် အူကြောင်ကြောင် ကြည့်နေလေသည်။ အောက်သို့ ရောက်သည်နှင့် လက်မှတ်ဝယ်သည့် ကောင်တာနားတွင်လည်း ထိုနည်း၎င်းပင် အကူအညီတောင်းခဲ့သေး၏။ နည်းနည်းတော့ ကြာသွားခဲ့သည်။ ဘူဇွာ သိပ်တော့ စိတ်မပူပါ။ ရဲသားကြီး စောင့်နေလိမ့်မည်ဖြစ်သည်ကို သိရှိထားသောကြောင့်ဖြစ်၏။
အပေါ်သို့ ရောက်လာသော် အခြားရဲနှစ်ယောက်ပါ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရပြန်သည်။ ပခုံးပေါ်ရှိ ဝေါ်ကီတော်ကီများဖြင့် စကားပြောဆိုနေကြသည်။ သူပြန်ရောက်လာသည်နှင့် စောစောတုန်းက စောင့်ကြည့်ခိုင်းထားခဲ့သော ရဲသားကြီးက မေးငေါ့ပြလိုက်သည်။ “Here he comes.”
ကျန်ရဲနှစ်ယောက်ထဲမှ တစ်ယောက်က ဘူဇွာ့ကို လှမ်းမေးလိုက်သည်။ “What’s in the luggage?”
ဤလောက်တော့ ဘူဇွာ နားလည်ပါသေးသည်။ ထို့ကြောင့် ခပ်ကြောက်ကြောက်ဖြင့် အိတ်ကြီးကို ဖွင့်ပြလိုက်သည်။ တော်သေး၏… သူ့ကျောပိုးအိတ်ထဲတွင် အိတ်ကိုခတ်ထားသော သော့ချောင်းများ ထည့်လာမိလို့ပေပဲ…
အိတ်ကို ဖွင့်လိုက်သည်နှင့် ငပိကြော်နံ့က လှိုက်ခနဲ ထွက်ပေါ်လာခဲ့သည်။ ရဲသားများ နှာခေါင်းရှုံ့သွားကြ၏။ ဘူဇွာ၏ အိတ်ကို ကြည့်ပင်မကြည့်တော့ဘဲ… “Alright, alright… wrap it up man.”
ရဲသားများကို ဘူဇွာ အလေးပြုလိုက်သည်။ ပါးစပ်မှလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောဆိုလိုက်၏။ ပြီးနောက် အိတ်ကြီးကို ထမ်းကာ စက်လှေကားမှတဆင့် အောက်သို့ဆင်းသွားပြန်တော့သည်။
ဘူဇွာ စီးရမည့် Greyhound ဘတ်စ်ကားကြီးသည် သွားမည့်မြို့ဖြစ်သော Upstate Rome ကို ထွက်ခွာဖို့ နောက်ထပ် ၂ နာရီခွဲခန့် စောင့်ရပေဦးမည်ဖြစ်သည်။
Rome ကိုရောက်တော့လည်း ဘတ်စ်ကားဂိတ်မှ ကျောင်းသို့ နောက်ထပ် တက္ကစီတစ်စီး ငှားစီးရပြန်သေး၏။ ပြီးနောက် International School ၏ Administration ရုံးသို့ သွားရောက်ပြီး တည်းခိုမည့် အဆောင် Dormitory အတွက် သွားစုံစမ်းရသေး၏။ အိတ်ကြီးနှစ်လုံးဖြင့် ဘူဇွာ ပင်ပမ်းလိုက်သည့်ဖြစ်ခြင်း…
ကံကောင်းလှစွာပင် သူ့အခန်း၌ တစ်ယောက်တည်း နေခွင့်ရခဲ့၏။ အခန်းဖော်တစ်ယောက်မှ မရှိခဲ့ပါ။ ကျယ်ဝန်းလှသော ကျောင်းပရဝုဏ်ကြီးကို ကြည့်ပြီး ဘူဇွာတစ်ယောက် ပျော်နေမိ၏။ သူရောက်နေသည့်နေရာမှာ အခေါင်ခိုက်ဆုံးနေရာဆိုသည်ကိုတော့ မသိခဲ့သေးချေ။
+++++
နောက် ၃ ရက်တွင် ကျောင်းမှ ပေးသည့် orientation ကို သွားတက်ရသည်။ အဆောင်များ၏ စည်းကမ်းများ၊ နေပုံထိုင်ပုံ၊ စားသောက်ပုံနှင့် စာသင်ကြားမည့် အစီအစဉ်များအားလုံးကို ထိုသင်တန်းမှ တစ်ခါတည်း သင်ပေးလိုက်သည်။ ရောက်ရောက်ချင်းဖြစ်သူ ဘူဇွာ့အတွက် ဘဏ်အကောင့်ဖွင့်၍ မရသေးချေ။ ထို့ကြောင့် ကျောင်းလခ ပေးသွင်းရသောအခါတွင် ပိုက်ဆံအထပ်လိုက်ကြီး ပေးလိုက်သောအခါ Bursar Office မှ စာရေးမများ မျက်လုံးပြူးသွားကြသည်။ သူတို့၏ စူပါဗိုက်ဇာကို ခေါ်ယူပြီး ငွေကို သေသေချာချာ ရေတွက်ပြီးမှ လက်ခံလိုက်၏။
နောက်တစ်ပတ်ဆိုသော် ဘူဇွာ ကျောင်းစတက်နေပေပြီ။ သူတို့၏ သင်တန်းမှာ အင်္ဂလိပ်စာ အထူးသင်တန်းဖြစ်၍ နိုင်ငံတကာမှ ကျောင်းသားများသာ ရှိကြသည်။ နိုင်ငံပေါင်းစုံမှ ရောက်လာသူ ကျောင်းသား/ကျောင်းသူများ ဖြစ်ကြ၏။
အစားအသောက်အတွက် ဘူဇွာ အလွန် စိတ်ဆင်းရဲနေရလေသည်။ သူကြိုက်သည်က ထမင်းနှင့် ဟင်း… ရသည်က ဘိုစာများဖြစ်၏။ ဈေးကလည်း ကြီးသေးသည်။ ထမင်းအိုးနှင့် ဆန်ကို ဘယ်မှာ ဝယ်ရမည်မှန်း ဘူဇွာ မသိသေး… ထို့ကြောင့် အကြံအိုက်နေ၏။ သို့သော် ဘူဇွာသည် ဘူဇွာသာဖြစ်သည် မဟုတ်ပါလား။
ပါလာသည့် အခြောက်အခြမ်းများနှင့် ပေါင်မုန့်ကို ညှပ်ပြီး ဝမ်းဖြည့်သည်။ နောက်ဆုံး အခြောက်အခြမ်းများ ကုန်သွားသော် လက်ဖက်နှင့် အကြော်စုံကို ပေါင်မုန့်တွင်း၌ ညှပ်စားသည်။ ဤသို့နှင့် တစ်လကျော်ကျော် ဆိုသော အချိန်များ ကုန်လွန်သွားခဲ့လေသည်။ ယခုဆိုလျှင် ဘူဇွာ့အခန်းတွင် ထမင်းအိုးလေးတစ်လုံး ရှိနေသလို ဟင်းချက်စရာ အိုးခွက်များလည်း အနည်းငယ် ရှိနေလေပြီ။ ဆန်၊ ဆီ၊ ဆား အနည်းငယ်ရှိလာပြီဖြစ်သည်။ ကြက်ဥ ကြော်စား၍ ရသည်။ ကျန်သည့် ဟင်းလျာများကို တတ်သလောက်မှတ်သလောက် ချက်စားကြည့်သည်။ ဘူဇွာ့အတွက် နည်းနည်းတော့ နေသားကျလာပြီဖြစ်သည်။
တစ်နေ့…
ဘူဇွာတစ်ယောက် အဆောင်အပြင်ဘက်တွင် ဈေးဝယ်ပြီး ပြန်လာသည့်အချိန်… အဆောင်နောက်နားတွင် သစ်ကိုင်းတိုးသံများကြား၍ အဆောင်အနောက်ဘက်သို့ ပတ်ပြီးသွားကြည့်လိုက်သော်…
လားလား….
ဦးချိုပြားပြားကြီးများနှင့် ဆတ်အကြီးစားများ တစ်အုပ်လိုက်ကြီးကို တွေ့လိုက်ရလေသည်။ သူတို့နေသော အဆောင်သည် ကျောင်းဝင်းကြီး၏ အဆုံးလောက်တွင် ရှိနေပြီး သံဇကာများကာရံထားသော ဝင်းထရံကြီးလည်း ရှိနေ၏။
ဘူဇွာ့အတွက်တော့ အထူးအဆန်းများပင်ဖြစ်သည်။ မန္တလေး၊ ရန်ကုန်… သူ့ဇာတိဖြစ်သော တောင်ပေါ်မြို့လေးတွင် နေလာခဲ့သည့်တစ်လျှောက် မည်သည့် သားကောင်မျှ မတွေ့ခဲ့ဖူးချေ။ ယခုတော့ အမေရိကန်နိုင်ငံလို နိုင်ငံကြီးတစ်နိုင်ငံရှိ ကျောင်းကြီးဘေး၌ တောကောင်များကို လာတွေ့နေရသည့်အတွက် ဘူဇွာ ပါးစပ်အဟောင်းသားနှင့် ငေးမောနေကာ အံ့အားသင့်နေလေတော့သည်။
Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်