Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁) တိမ်တိုက်တစ်ခု၏ရွေ့လျားမှုနိဒါန်း


‘ဧရာဝတီ’ …

သမိုင်းများစွာ၊ ရာဇဝင်များစွာတို့ရဲ့စီးဆင်းမှုများ စာမျက်နှာများပေါ်မှာရပ်တန့်ခဲ့ကြပေမယ့် ဧရာဝတီရဲ့စီးဆင်းမှုကတော့ ရှင်သန်နေလျက်ပါပဲ။ ‘ရာဇဝင်များ၏ သတို့သမီး’သည် ညနေဆည်းဆာတွင် တောက်ပပျိုနုနေလေသည်။ အရှေ့ဘက်ကမ်းပေါ်တည်ရှိနေသော ပြည်မြို့ကြီး၏ ညနေခင်းလှုပ်ရှားမှုများကိုကြည့်ကာ ‘ဧရာဝတီ’ကတော့ ဆက်လက်စီးဆင်းနေဆဲ…

ပဲခူးတိုင်း၏အထက်ပိုင်းကျသော ပြည်မြို့သည် တစ်ချိန်က ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ သရေခေတ္တရာနိုင်ငံတော်ကြီး၏ ဗဟို ဖြစ်ခဲ့သလို၊ ယနေ့လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်း၏ စီးပွားရေးအချက်အခြာကျသော မြို့ကြီးတမြို့လည်းဖြစ်၏။ ပန်ထွာဘုရင်မ၏ ဗိဿနိုးနိုင်ငံတော်ကြီးကို အောင်နိုင်ခဲ့သော ဒွတ္တဘောင်မင်းကြီး၏ နန်းစိုက်မြို့… မြန်မာ့စာပေယဉ်ကျေးမှု၏ ထင်ရှားသော ရတုစာဆိုကျော်တို့အနက် တောင်ငူမှ နတ်သျှင်နောင်နှင့်ခေတ်ပြိုင်ဖြစ်သူ နဝဒေး၏ဇာတိမြေ… မြန်မာသံစဉ်စစ်စစ်များကို သီဆိုခဲ့ကြသော ပြည်လှဖေနှင့်ကိုခင်ဝမ်းတို့၏ သံစဉ်စာသားတို့ ကွန့်မြူးခဲ့ရာ အနုပညာရပ်ဝန်း… မြန်မာ ပို့စ်မော်ဒန် ကဗျာလောကကို ဖိန့်ဖိန့်တုန်စေခဲ့သူ မောင်ချောနွယ်၏ကဗျာများ ဖြန့်ကျက်ကွန့်မြူးခဲ့ရာ ကဗျာတစ်ပုဒ်… ပြည်မြို့တွင်မွေးဖွားကြီးပြင်းလာကြသူများ၏ ရာဇဝင် ‘မဆင်းရဲ’ ကြပါ။

(တစ်လောကလုံးမှာ… ခရမ်းနုရောင်လေးတွေ… မှိုင်းမှိုင်းဝေနေ… နှင်း…ဝတ်မှုံတွေရဲ့ …အတားဆီးမဲ့နယ်ကျွံမှုတွေ… ရင်ခွင်မှာ… တွယ်ငြိလာတဲ့… အတိတ်ဆိုတဲ့ကမ္ဘာ…) ကိုခင်ဝမ်း သီဆိုထားသော ‘ပြည်မှာဆောင်း’ သီချင်းထဲကလို (၁၉၉ဝ) အောက်တိုဘာညနေခင်းသည် ယဉ်ယဉ်လေးအေးမြနေ၏။ ညနေခင်းနေဝင်ပြီးစအချိန် ပြည်မြို့ကြီးသည် ဥဒဟို လှုပ်ရှားသွားလာမှုများနှင့်အတူ အေးချမ်းလှပနေလေသည်။

အတိတ်ဆိုသောအရာကို ပြန်မတွေးချင်တော့ပါ။ သန်းခေါင်ထက် ညဉ့်ပိုနက်ခဲ့ရသော အတိတ်ကာလမှအိပ်မက်ဆိုးများ ပြန်မမက်ချင်တော့။ မိသားစုနှင့်အတူ ပြန်လည်နေထိုင်ခွင့်ရတုန်း ကိုယ့်ဘဝကို အေးချမ်းစွာတည်ဆောက်ချင်ပြီ။ မန္တလေးတွင်ရှိနေသော ချစ်ဇနီးကိုလည်း လွမ်းလှပြီ။ ပြည်မှာ ပြီးပြတ်စရာ အလုပ်များရှိနေသေးသောကြောင့် သူမပြန်နိုင်သေး။

ထောင်ထဲတွင်နေခဲ့စဉ်က မဖတ်ခဲ့ရသော စာများကို တစ်ညနေလုံး အတိုးချဖတ်နေလိုက်သည်။ ညနေပိုင်း ရေချိုးပြီးချိန်တွင် သူငယ်ချင်းတစ်ယောက်၏ ညီငယ်ဖြစ်သူတစ်ယောက် ရေးကြီးသုတ်ပြာရောက်လာခဲ့သည်။ သူ့အစ်ကိုလုပ်သူ၏ဇနီးအား ဘယ်လောက်ပေးရမလဲဟု စော်ကားမော်ကား ပြောနေသူများကို ဓားဆွဲကာ လိုက်ခုတ်မည်လုပ်နေသောကြောင့် အတင်းတားထားရကြောင်း... လာပြီးဖျန်ဖြေပေးပါဦးဟု ပြောဆိုနေသောကြောင့် အဝတ်အစား ခပ်မြန်မြန်လဲပြီး လိုက်သွားခဲ့သည်။

သူတို့အိမ်သည် သူ့အိမ်နှင့်မျက်စောင်းထိုးတွင်ရှိသောကြောင့် အိမ်မှထွက်လိုက်ချိန်တွင်ပင် ဘာဖြစ်နေကြမှန်း တွေ့မြင်လိုက်ရသည်။ မွေ့ယာခေါင်းအုံးရောင်းသောဆိုင်ရှေ့တွင် မူးရူးနေသူ ၄ ယောက် ဆိုင်တွင်းမှ မိန်းကလေးများနှင့် စကားများနေကြသည်။ မိန်းကလေးများကို ကြည့်ရသည်မှာ တော်တော်လေး ဒေါသထွက်နေကြပုံရသည်။ ကြည့်လိုက်တော့ စစ်သား ၄ ယောက်။ ထိုအထဲတွင် စစ်ဗိုလ်ဟုထင်ရသော လူတစ်ယောက်လည်း ပါနေသေး၏။

၈၈၈၈ အရေးအခင်းကြီးတွင် ပြည်သူလူထု၏ဆန္ဒကို သေနတ်ကိုင်ဖြေရှင်းခဲ့သော တပ်မတော်၏အာဏာစက်သည် ကြီးထွားလှ၏။ တိုင်းပြည်၏အာဏာရှင် ဦးနေဝင်းကိုယ်တိုင် ၁၉၈၈ ခု၊ ဇူလိုင်လ ၂၃ ရက်တွင် တိုင်းပြည်သို့ပြောခဲ့သော “နောင်ကိုလူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ အဲ့ဒါ ဆူတဲ့လူတွေ မသက်သာဘူး မှတ်ပေတော့” မိန့်ခွန်းအရ စစ်ဗိုလ်၊ စစ်သားတို့ အာဏာကြီးထွားနေချိန်။

စစ်ဗိုလ်လုပ်သူသည် “ဗိုလ်ကြီးကွ”ဟု ကြိမ်းဝါးနေပြီး ပါလာသော လက်ပစ်ဗုံး ၃ လုံးကိုထုတ်ပြကာ ခြိမ်းခြောက်နေသည်။ သိပ်မမူးသေးသော စစ်သားတစ်ယောက်က သူ့လက်ထဲမှ လက်ပစ်ဗုံးများကို ချော့မော့တောင်းယူပြီး ဆိုက်ကားငှားကာ ခပ်မြန်မြန်ထွက်သွားလိုက်သည်။ ဤအထိတော့ သူအေးအေးဆေးဆေးပင် အခြေအနေကို စောင့်ကြည့်နေသည်။

စစ်ဗိုလ်လုပ်သူနှင့် အဖော်စစ်သားနှစ်ယောက် ယိုင်ထိုးယိုင်ထိုးဖြင့် လမ်းထိပ်ဆိုက်ကားဂိတ်သို့ ထွက်ခွာသွားသည်အထိ အခြေအနေက မထူးခြားလာသေး။ အရိပ်အခြေကို ထပ်ပြီးစောင့်ကြည့်နေရာ လမ်းထိပ်တွင်လည်း တစ်စီးတည်းရှိနေသော ဆိုက်ကားဆရာနှင့် စကားများနေကြပြန်သည်။ ဆိုက်ကားဆရာက သူတို့နှင့်မလိုက်လိုကြောင်း ငြင်းဆန်နေ၏။ စစ်ဗိုလ်လုပ်သူက ဆိုက်ကားသမားကို တွန်းလိုက်ရာ သူနင်းသော ဆိုက်ကားနှင့်တိုက်မိပြီး ဆိုက်ကားဆရာ လဲကျသွားခဲ့သည်။ အနီးတွင်ရှိနေသော သစ်သားတုတ်တချောင်းကို ကောက်ကိုင်ပြီး ဆိုက်ကားဆရာကို ရိုက်ရန်ရွယ်နေသော စစ်ဗိုလ်ကို သူဤအတိုင်း ရပ်မကြည့်နေနိုင်တော့။ ဝိုင်းအုံနေသော လူအုပ်ကြီးကို အတင်းတွန်းထိုးပြီး အော်ပြောလိုက်သည်။ “ခင်ဗျားတို့ ဒီအတိုင်းပဲ ရပ်ကြည့်နေကြတော့မှာလား...”

စိတ်မြန်လက်မြန်သူတစ်ဦးဖြစ်သောကြောင့် ကျန်သည့်လူများကို မစောင့်တော့။ ပြေးပြီး စစ်ဗိုလ်လုပ်သူကို စထိုးလိုက်တော့သည်။ ပြီးနောက်တော့ ဒေါသမပြေသေးသော လူအုပ်ကြားထဲတွင် စစ်သားများ လဲကျကုန်ကြသည်။ စစ်သားများ အလဲလဲအကွဲကွဲဖြင့် ခွေးပြေးဝက်ပြေးထွက်ပြေးသွားကြပြီးမှ သူအိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်သည်အထိ ဒေါသမပြေသေး။

အိမ်ဘေးမှ ဦးလေးတယောက်က သူ့ကိုခဏလောက် ရှောင်ထွက်သွားဖို့ ဖျောင်းဖြပြောဆိုနေသည်။ သူကိုယ်၌ကလည်း ထောင်ထဲသို့ နောက်တစ်ခေါက်ထပ်မသွားချင်တော့။ ဤတစ်ခေါက်သာ ထပ်ရောက်သွားမည်ဆိုလျှင် သူ့အသက်သေမည်ရှင်မည်မသိနိုင်။ ညစာထမင်းစားပြီးချိန်တွင် အိမ်ဘေးမှ ကောင်လေးတစ်ယောက်က သတင်းလာပေးခဲ့သည်။ လမ်းထိပ်တွင် စစ်ကားတစ်စီးရောက်နေကြောင်း... ညနေတုန်းက ရန်စဖြစ်တဲ့သူကို လိုက်ရှာနေကြောင်း လာပြောပြသောကြောင့် အိမ်နောက်ဖက်ကနေ ချက်ချင်းပဲ ထွက်ပြေးခဲ့မိလေသည်။ သိပ်အဝေးကြီးတော့ မသွားခဲ့ပါ။ တအိမ်ကျော်လောက်တွင်ရှိသော ဘုရားဝင်းထဲတွင် ပုန်းအောင်းနေခဲ့သည်။ တစ်ညလုံးခြင်ကိုက်ခံပြီး ထိုနေရာ၌ပင် မိုးလင်းခဲ့ရသည်။

မနက်လင်းတော့ အခြေအနေက အေးချမ်းနေတာကြောင့် အိမ်မှာပဲ တရေးတမောအိပ်လိုက်မိသေးသည်။ ဒုတိယညတွင်တော့ စစ်ကားတစ်စီးထပ်မံရောက်ရှိလာခဲ့သောကြောင့် ဤအရပ်တွင် ဆက်၍မနေသင့်တော့မှန်း သဘောပေါက်လာခဲ့ပြီး ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်လေတော့သည်။

အေးချမ်းသောဘဝလေး တည်ဆောက်ချင်သော သူ့အိပ်မက်တို့ပျက်စီးခဲ့ရပြန်ပြီ။ ရင်ထဲကဆောင်းနှင်းလည်း အငွေ့ပျံပျောက်လွင့်ခဲ့ရပြီ။ သံတိုင်များနောက်မှ အိပ်မက်ဆိုးများထပ်မမက်ချင်တော့… အားနည်းသူဘက်မှရပ်တည်ခဲ့မိသော မိမိလုပ်ရပ်ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ မိသားစုအား မခံစားစေချင်တော့။ ဦးတည်ရာမဲ့သော အတွေးစများဖြင့် ညတွင်းချင်း ရထားစီးကာ ရန်ကုန်သို့ထွက်လာခဲ့တော့၏။

ခွင့်လွှတ်ပါအဖေ…

နားလည်ပေးပါ မိန်းမရေ…

တိမ်တိုက်တစ်ခု၏ရွေ့လျားမှု စတင်ခဲ့လေပြီ…

0 Comments: