Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၆) ဘူဇွာကွတ


ရှမ်းပဲပုပ်၏ ဝမ်းကွဲညီကို တွေ့လိုက်ရတော့ ဘူဇွာ အလွန် အားကျမိသွား၏။ သူ့ထက်ပင် နည်းနည်း အရပ်မြင့်နေသေး၏။ သို့သော် ဗလတော့ အတော်ကောင်းသည်။ အိမ်ပြန်ရောက်နေပြီးဖြစ်သော ရှမ်းပဲပုပ်၏ညီသည်လည်း သူ့လောက်မမြင့်သော်လည်း သူ့အရပ်နီးနီးလောက် မြင့်သူဖြစ်ပြီး ဗိုက်တွင် အဖု ၆ ဖု ရှိသူတစ်ယောက်ဖြစ်သည်။ ဘူဇွာ စိတ်ဓာတ် တက်ကြွလာခဲ့တော့သည်။ ညီနှစ်ကောင်နှင့် ရှမ်းပဲပုပ်ကတော့ ဆီနှင့်ရေလို ကွာခြားလှချေလား။

ဘူဇွာ စဉ်းစားနေ၏။ ရှမ်းပဲပုပ်နှင့် လိုက်ကစားလျှင် သူ့လိုပဲ ဘာမှမတိုးတက်သော ခန္ဓာကိုယ်သာ ထွက်လာနိုင်၏။ သူ့ညီများနှင့် လိုက်ကစားလိုက်မည်ဆိုလျှင်တော့ သူတို့လောက်နီးနီး လှပလာနိုင်သည်ဟု ရူးသွပ်စွာ စိတ်ကူးယဉ်နေလိုက်သည်။

ဘူဇွာ မသိသေးသည့်အချက်မှာ ဟိုနှစ်ယောက် ကစားနေသည်မှာ ၂ နှစ်ခန့် ရှိနေပြီဖြစ်ကြောင်းနှင့် ရှမ်းပဲပုပ်သည် ကစားလှုပ်ရှားမှုများနှင့် ပတ်သက်လာလျှင် လူပျင်းတစ်ယောက်ဖြစ်နေကြောင်းကိုတည်း။

+++++

အဝတ်လဲခန်းမှ အဝတ်အစားများလဲပြီး ထွက်လာချိန်၌ ရှမ်းပဲပုပ်က ဘူဇွာ့ကို သတိပေးခဲ့၏။ “ဟေ့ကောင်… ပထမ အပတ်မှာ နည်းနည်းပဲ လုပ်နော်။ ဖြည်းဖြည်းချင်း စလုပ်ပြီး၊ နည်းနည်း အလေ့အကျင့် ရလာပြီဆိုမှ မင်းချချင်တဲ့နေရာလေးတွေအတွက် ကစားနည်းတွေ ငါ ပြောပြမယ်။ လောလောဆယ်တော့ စက်ပေါ်မှာပဲ လမ်းလျှောက်ကြည့်ဦး…”

ဘူဇွာတစ်ယောက် ငါးခူပြုံးလေး ပြုံးပြီး ရှမ်းပဲပုပ်ကို ကြည့်နေလိုက်သည်။ စိတ်တွင်း၌တော့- “မင်း ခိုင်းတာ ငါ လိုက်လုပ်မှတော့ မင်းလိုပဲ ဖြစ်လာမှာပေါ့… ဟဲဟဲ… ဘာရမလဲ… မင်းညီတွေနဲ့ပဲ လိုက်ကစားမယ်ကွ…” ဟု ကြိမ်းဝါးထားလိုက်၏။

သူတို့အားလုံး အကြောအချင်များ လျှော့ပြီးမှ စက်ပေါ်တွင် တက်ခဲ့ကြ၏။ ရှမ်းပဲပုပ်၏ညီနှစ်ယောက်သည် ပထမတော့ ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်နေခဲ့ကြပြီး ၅ မိနစ်ခန့်ကြာသောအခါတွင်မူ အရှိန်မြှင့်ပြီး ပြေးနေကြတော့သည်။ ရှမ်းပဲပုပ်ကတော့ မှန်မှန်လေး လမ်းလျှောက်နေ၏။ ပြီးနောက် (incline) အမြင့်သို့ ဒီဂရီနည်းနည်း တင်လိုက်ပြီး ခပ်သွက်သွက် လမ်းလျှောက်နေ၏။ ဘူဇွာ၏ဦးခေါင်းသည် ရှမ်းပဲပုပ်ဘက်သို့ကြည့်လိုက်၊ သူ့ညီနှစ်ယောက်ဘက်သို့ ကြည့်လိုက်ဖြင့် ခဏလောက် စဉ်းစားခန်း ဝင်နေလိုက်သေးသည်။

နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ထားခဲ့ဟန်ဖြင့် စက်ပေါ်တွင် ရှိနေသော အရှိန် မြှင့်တင်သည့်ခလုတ်ကို ခပ်ပြင်းပြင်း ဖိချလိုက်သည်။ အရှိန်မြင့်သည့် ဒစ်ဂျစ်နံပါတ်များ တက်လာခဲ့ပြီး စက်ကြီးက တဖြည်းဖြည်း လျင်မြန်စွာ လည်ပတ်လာတော့သည်။ စက်နှင့်အလျင်မီအောင် ဘူဇွာ လိုက်ပြေးနေရ၏။ ဘူဇွာ လျှာထွက်နေလေပြီ။

မနိုင်မနင်းဖြစ်လာသဖြင့် အရှိန်ပြန်လျှော့ရန် နှိပ်လိုက်သော်လည်း ခလုတ်က ကံဆိုးစွာပင် အလုပ် မလုပ်တော့… ဘူဇွာတစ်ယောက် ရပ်တန့်၍ မရတော့ပါကလား… ဆက်တိုက်ပင် အရှိန်ပြင်းပြင်း ပြေးနေလိုက်သည်။ ခဏနေ ခလုပ်အလုပ်ပြန်လုပ်လာနိုးနိုးဖြင့် မည်သူ့ကိုမှ မမေးမြန်းခဲ့ချေ။ ရှက်စရာကြီး မဟုတ်ပါလား။

ဘူဇွာ အမြှုပ်ထွက်လုနီးပါး ဖြစ်နေလေပြီ။ ၇ မိနစ်ခန့် အချိန်ကျော်သွားခဲ့ပြီ။ ရှမ်းပဲပုပ်က နားကြပ်လေးတပ်ပြီး စက်ရှေ့တွင် ရှိနေသော တီဗွီဖန်သားပြင်ပေါ်မှ ဘတ်စကက်ဘောပွဲတစ်ခုကို ကြည့်နေ၏။ ဘူဇွာ့ဘက်သို့ ယောင်၍ပင် လှည့်မကြည့်လာခဲ့။

အကူအညီ ရကောင်းရလိုညားဖြင့် သူ့ဘယ်ဘက်တွင် ရှိနေသော ရှမ်းပဲပုပ်၏ ညီဝမ်းကွဲကို ဘူဇွာ လှည့်ကြည့်လိုက်သည်။ “ညီလေး… ခလုတ်က သိပ်အလုပ် မလုပ်တော့ဘူးနဲ့တူတယ်။ ရပ်လို့မရတော့ဘူး…” ဟောဟဲဟိုက်သံကြီးဖြင့် ဘူဇွာ ပြင်းထန်စွာ အသက်ရှူပြီး လှည့်ပြောလိုက်သည်။

ရှမ်းပဲပုပ်၏ညီလုပ်သူက ဘူဇွာ၏ တစ်ယောက်ကျော်နေရာမှ ချက်ချင်းပင် ပြေးလာခဲ့သည်။ ခလုတ်ကို လာနှိပ်ကြည့်၏။ မရ… ထို့ကြောင့် ဘူဇွာ့ကို အလောတကြီး လှမ်းပြောရတော့သည်။ “အစ်ကို… လက်ကိုင်တန်းနှစ်ခုကို ကိုင်ထား… အားပြုထားပြီး ကိုယ်ကို မ,ထားလိုက်… ဘေးကဘောင်တွေကိုတွေ့တယ် မဟုတ်လား… မြန်မြန်.. အဲဒီဘောင်တွေပေါ်မှာ ခြေထောက်ချထားလိုက်… ခဏနေဦး.. ကျနော် သွားပြောလိုက်ဦးမယ်။”

သူပြောသည့်အတိုင်း ဘူဇွာ လိုက်လုပ်လိုက်သည်။ ခဏတော့ သက်သာသွားသည်။ သို့သော် စက်ပေါ်မှ ဆင်း၍တော့မရသေး။ အဘယ်ကြောင့်ဆိုသော် စက်ကို ထောက်ထားသော တန်းကြီးနှစ်ခု ခံနေသောကြောင့် ဆင်း၍မရ… ဆင်းချင်လျှင် တဝီးဝီးလိမ့်နေသော ရာဘာပြားကြီး ရပ်တန့်သွားမှပင်ရမည်။ သို့မှသာ ရာဘာပြားကြီးပေါ် ခြေချပြီး ဆင်းနိုင်မည်ဖြစ်၏။

စက်ပေါ်တွင် ဘူဇွာတစ်ယောက် ကားယားကွတကြီး ဖြစ်နေလေသည်။ အသက်ကိုလည်း မောဟိုက်စွာ ရှူရှိုက်နေရ၏။ မျက်လုံးကြီးပြူးနေပြီး ကားယားကြီးဖြစ်နေသော ဘူဇွာ့ကို ရှမ်းပဲပုပ်တစ်ယောက် ခပ်ပြုံးပြုံးလေး လှမ်းကြည့်နေ၏။ “မင်းကတော့ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည့်ပဲ… ဟားဟားဟားဟား… ရေးစရာတစ်ခု ထပ်ရတာပေါ့ကွာ…”

ရှမ်းပဲပုပ်ကို ပြန်လည်တုံ့ပြန်ပြောဆိုရန် ဘူဇွာ့ထံတွင် အခွင့်အရေး မရှိနေပါ။ မျက်လုံးကြီးပြူးပြီး အသက်ပြင်းစွာ ရှူရှိုက်နေကာ ဒေါသမျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

သိပ်မကြာပါ။ ခဏလေးနေသော်… တာဝန်ရှိသူတစ်ယောက် ရောက်လာပြီး စက်ကို သွယ်တန်းထားသည့် လျှပ်စစ် မိန်းခလုတ်ကြီးကို ပိတ်လိုက်ရာ ဘူဇွာတို့ တက်ပြေးနေသော အတန်းရှိ စက်အားလုံး ရပ်တန့်သွားခဲ့တော့သည်။

တာဝန်ရှိသူက အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “Everyone, calm down. One of the machines got malfunction down here. Please go to other machines and we’ll fix this ASAP. Thank you.”

အခြားစက်များပေါ်တွင် ပြေးလွှားကစားနေသော လူအများသည် ဘူဇွာ့ကို ဘုကြည့် လှမ်းကြည့်နေကြ၏။ သူတို့တတွေသည် ကယ်လိုရီ ရေတွက်ပြီး၊ အချိန် သတ်မှတ်ပြီးမှ ကစားနေကြသည် မဟုတ်ပါလား။ ယခုတော့ ဘူဇွာ့ကြောင့် အားလုံး ပျက်သွားခဲ့ချေပြီ။

ပထမဆုံးနေ့သည် သူ့အဖို့တော့ ငရဲပြည်ရောက်လုနီးနီး နေ့တစ်နေ့သာ ဖြစ်ခဲ့၏။ ထိုနေ့က ဘူဇွာ ဘာမှ ဆက်မကစားနိုင်ခဲ့ပါ။ ပင်ပန်းလွန်း၍ မျက်လုံးများလည်း ပြာဝေလာသည်ဟု ခံစားခဲ့ရ၏။ ပြီးနောက် မူးနောက်နောက် ရှိနေသဖြင့် အဝတ်လဲခန်းတွင်းရှိ ထိုင်ခုံရှည်တစ်ခုပေါ် သွားရောက် လှဲချနေခဲ့သည်။ ခဏကြာတော့မှ ရေနွေးငွေ့ဖြင့် ချွေးထုတ်သော ချွေးထုတ်ခန်းတွင်း၌ ၁၀ မိနစ်ခန့် သွားရောက်ချွေးထုတ်ခဲ့သည်။ ရေချိုးပြီးနောက် ရှမ်းပဲပုပ်တို့ကို အရှေ့ခန်းရှိ ကွန်ပြူတာ အသုံးပြုခန်းတွင်း၌ စောင့်နေခဲ့တော့သည်။

+++++

နောက်တစ်ရက်ခြားတွင် ရှမ်းပဲပုပ်ထံ ဘူဇွာ ရောက်လာခဲ့ပြန်သည်။ ခြေထောက်နှစ်ဘက်က ကွတကွတဖြင့် လမ်းလျှောက်နေသော်လည်း အရှုံးပေးမည့်ဟန်မရှိ။ ခပ်ပြုံးပြုံးလေးပင် ရှိနေသည်။

ဤသို့ဖြင့် ဘူဇွာတစ်ယောက် သူငယ်ချင်းဖြင့် လိုက်ကစားနေရာ ၃ ပတ် စွန်းစွန်းပင် ရောက်လာချေပြီ။ လေ့ကျင့်ခန်း လုပ်ရုံဖြင့် ချက်ချင်း မကျနိုင်သော အချက်ကို သိထားသော ဘူဇွာသည် အစားအသောက်ကိုလည်း ဆင်ခြင်နေရသည်။ ညစာကို လုံးဝမစားတော့။ ကစားပြီး ပြန်လာလျှင် ပရိုတင်းဖျော်ရည် တစ်ခွက်သာ သောက်သုံးသည်။ နေ့လည်စာကိုလည်း ထမင်းမပါသော အသီးအရွက်နှင့် အသား၊ ငါးများကိုသာ စားသောက်၏။ သူသိထားသည်မှာ ကာဗိုဟိုက်ဒြိပ် ကို အပြီးဖြတ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဆလတ်ရွက်များ၊ ခရမ်းချဉ်သီး ပါးပါးလှီးထားသည်များနှင့် အသားများကိုသာ စားသောက်ခဲ့ရာ… ကိုယ်ရည်စစ်သွားခဲ့သည်။ မျက်နှာလည်း အနည်းငယ် ချောင်ကျသွားခဲ့၏။ ဝိတ်ကတော့ ထင်ထားသလောက် မကျခဲ့ပေမယ့် ဘူဇွာ ထင်မှတ်ထားသည်ထက်ပင် တိုးတက်မှုနှုန်းက မြန်ဆန်နေသေး၏။ သူ လိုချင်သည်မှာလည်း ကိုယ်ရည်စစ်သွားဖို့ပင် ဖြစ်လေသည်။

ဘူဇွာ၏ စိတ်ဓာတ်သည် လုပ်မည်ဆိုလျှင် မဖြစ်ဖြစ်အောင်လုပ်မည်ဟူသော ထုံးကို နှလုံးမူထားသည် မဟုတ်ပါလား။

+++++

ဇန်နဝါရီလ၏ အအေးဓာတ်က အပြင်သို့လှမ်းထွက်လိုက်သည်နှင့် ရိုးတွင်းခြင်ဆီတွင်းသို့ပင် ထိုးဖောက်ဝင်ရောက်လာ၏။ လေတိုက်လျှင် ပို၍တောင် ဆိုးသေး၏။ အသည်းခိုက်အောင် အေးသည် ဆိုသည်မှာ ဤရာသီဥတုကို ပြောသည်လားဟုပင် မေးမြန်းရမည်ဖြစ်သည်။

ညနေတုန်းက သူ အလုပ်မှ ပြန်ရောက်လာအပြီးတွင် ဖင်ကောက်တစ်ယောက် ရှမ်းပဲပုပ်ထံ ဖုန်းဆက်လာခဲ့သည်။ “ဟေ့ကောင်ကြီး… ဟိုကောင့် အခြေအနေ ဘယ်လိုရှိလဲ။ ဝိတ်ကျသွားပြီလား။ ဟားဟား…”

ဘူဇွာ မည်သို့ ကြိုးစားပြီး လေ့ကျင့်ခန်းများ လုပ်နေကြောင်း၊ အစားအသောက်ကို မည်သို့ ရှောင်ကြဉ်နေကြောင်း… ပြီးနောက် ဘူဇွာ မည်ကဲ့သို့ ကိုယ်ရည်စစ်သွားကြောင်းများကို ရှမ်းပဲပုပ် စီကာပတ်ကုံးဖြင့် ဖြေဆိုခဲ့၏။

ပြီးနောက် ရှမ်းပဲပုပ်က ရုတ်တရက် စကားမစပ်စွာ မေးမြန်းလိုက်သည်။ “ဒီကောင်ကြီး ဘာရည်ရွယ်ချက်တွေနဲ့ ငါ့ဆီ ရောက်လာခဲ့တာလဲ။ ဝိတ်ကျရုံ သက်သက်တော့ မဟုတ်လောက်ဘူးထင်တယ်…” ဟု မေးမြန်းခဲ့သောအခါ တစ်ဘက်မှ အသံ ခဏမျှ တိတ်ဆိတ်သွားခဲ့ပြန်သည်။

ရှမ်းပဲပုပ် သိခဲ့ရသည်မှာ ဖင်ကောက်သည်လည်း အကျိုးအကြောင်းကို သူ သိထားသည်ထက် ပို၍မသိ ဆိုခြင်းကိုတည်း။ လာမည့် တနင်္ဂနွေနေ့တွင် ဖင်ကောက်၏ အိမ်၌ သူတို့ ဆုံတွေ့ကြရန် ချိန်းဆိုထားခဲ့၏။ သူတို့ သူငယ်ချင်းများ မဆုံတွေ့ဖြစ်ကြသည်မှာ တော်တော်လေး ကြာနေပြီ မဟုတ်ပါလား။

0 Comments: