Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me

- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Twitter
Like this on facebook
Shout Box
Welcome to my Blog
Visitors
ခြေရာမဲ့စာစုများ
“လမ်းလျှောက်စာစုများ”
“မြေဇာမြက်မှငုပန်းဝါသို့” မိတ်ဆက်...
၂၀၀၈ အောက်တိုဘာလဆန်းပိုင်းလောက်ကဖြစ်သည်။ ကျနော်နှင့် သူငယ်ချင်းတစ်စု Upstate New York တွင် မိတ်ဆွေတစ်ဦးနှင့် စကားလက်ဆုံကျခဲ့ကြသည်။ ထိုစကားဝိုင်းလေးကနေ မြန်မာ့နိုင်ငံရေးလောကမှ ကျောင်းသားများရဲ့ အခန်းကဏ္ဍ တစ်စိတ်တစ်ဒေသကို သိရှိနားလည်ခွင့်ရခဲ့ပြီး လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနေသူတစ်ယောက်အကြောင်းကို အတုယူစရာ၊ အားကျစရာ၊ သံဝေဂရစရာများဖြင့် ထိတွေ့ခံစားခဲ့ရသည်။ ထိုစကားဝိုင်းလေးကို အမှတ်တရအနေဖြင့် ကျနော် အသံသွင်းထားခဲ့ပါသည်။ ထိုစဉ်ကတည်းက ဤစာစုများကို ဝတ္ထုသဖွယ်၊ မှတ်တမ်းတစ်သွယ်၊ အင်တာဗျူးလိုတစ်ဖုံ မပြီးမပြတ်ရေးသားထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ရန် မစွမ်းသာခဲ့ပါ။ ခုတော့ ဤစာမျက်နှာများပေါ် ရောက်ရှိလို့လာပါပြီ။
မြန်မာပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်တွင် တိုင်းရင်းသား လူမျိုးစုစုံလင်စွာ၊ ကိုးကွယ်သည့်ဘာသာတရား စုံလင်စွာသော နိုင်ငံရေးသမားများစွာ ကပြဖျော်ဖြေခဲ့/ဖျော်ဖြေဆဲ ရှိခဲ့/ရှိနေ သော်လည်း သူ့ကိုတော့ တမူထူးခြားစွာ သတိထားမိခဲ့ရ၏။ မိမိကိုယ်တိုင် ဤလူမျိုးစုဝင်တစ်ယောက် ဖြစ်နေသည့်အတွက် ကိုယ့်ဘက်ကိုယ်ယက်ပြီး ဒီစကားပြောနေခြင်းမဟုတ်ပါ။ ကျနော်သိခဲ့ရသလောက် ကျနော်တို့၏ လက်တစ်ဆုပ်စာလူမျိုးစုလေးအတွင်း နိုင်ငံရေးကို စိတ်ပါလက်ပါ၊ ထဲထဲဝင်ဝင်၊ စိတ်ဓာတ်ပြင်းပြင်းထန်ထန်ဖြင့် လုပ်ဆောင်သူတစ်ယောက်မျှ မတွေ့ခဲ့ဖူးပါ။ ကျနော် မည်သည့်လူမျိုးစုအကြောင်း ပြောနေသနည်း?...
မြန်မာလူမျိုးများနှင့် အရင်းနှီးဆုံးဖြစ်သော ကျနော်တို့လူမျိုးစု အစားအစာကိုပြပါဆိုလျှင် ‘ပန်းသေးခေါက်ဆွဲ’ ဖြစ်သည်ဟုဆိုရမည် ထင်သည်။ ပန်းသေးလူမျိုးများသည် မူလအစ ယူနန်၊ ကိုးကန့်အပါအဝင် အခြားတရုတ်လူမျိုးစုများစွာမှ ဆင်းသက်လာသူများဖြစ်ကြပြီး အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပြန့်နှံ့မှီတင်းနေထိုင်ကြသူများဖြစ်ကြသည်။ သို့သော်... နိုင်ငံတော်ဖွဲ့စည်းပုံထဲတွင် တရားဝင် လူမျိုးစုတစ်စုအနေဖြင့် သီးခြားခေါ်ဆိုနိုင်ခွင့် အခွင့်အရေးမရရှိခဲ့ကြပါ။ ကျနော်သိရသလောက် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မည့်သည့်အခါကမျှ ဝင် ရောက်စွက်ဖက်ခြင်းလည်း မရှိခဲ့ကြပါ။ (ခြွင်းချက်... ပုဂံခေတ်နှောင်းက မြန်မာနိုင်ငံတော်ကို လာရောက်ကျူးကျော်တိုက်ခိုက်ခဲ့ကြသူ နန်ကြောင် ခေါ် နန်ကျောက် လူမျိုးစုများအတွင်း အစ္စလာမ်ဘာသာကိုးကွယ်သော လူနည်းစု ပါရှိကောင်း ပါရှိနိုင်ခဲ့ပါမည်။ ထိုသူများအား ပန်းသေးဟု မခေါ်ဆိုခဲ့ကြသေးပါ။ မင်းတုန်းမင်းလက်ထက်တွင် ယူနန်ပြည်နယ်မှ သံအရာရှိ ‘ဗိုလ်ချုပ်မားတုတူ’ မန္တလေးသို့ ရောက်ရှိလာခဲ့ပါသည်။ ထိုအချိန်၌တော့ ပန်းသေးဟု စတင်ခေါ်ဆိုနေပြီဖြစ်ကြောင်း မန္တလေးတက္ကသိုလ် IR ဌာနပါမောက္ခ(ငြိမ်း) ဆရာဦးမောင်မောင်လေး ပြောပြခဲ့သည်ကို နားနှင့်ဆတ်ဆတ် ကြားနာမှတ်သားခဲ့ရဖူးပါသည်။)
ကျနော်ဆိုလိုချင်တာကတော့ မြန်မာပြည်တွင်း နိုင်ငံရေးသမိုင်း ဆင်းရဲချို့တည့်လှသော ကျနော်တို့လူမျိုးစုတွင်းမှာမှ မတစ်ထောင်တစ်ကောင်ဘွား ဆိုးပေတစ်ယောက် ပေါ်ထွန်းခဲ့ခြင်းကိုပါ။ သူ့အကြောင်းကို ဇောင်းပေးရေးသားမည်ဆိုပေမယ့်လည်း နိုင်ငံရေးသီးသန့်၊ တော်လှန်ရေးသီးသန့် စာစုများမဟုတ်... စစ်အစိုးရကို ဆန့်ကျင်ဝါဒ ဖြန့်သော စာစုများမဟုတ်... စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူ လူငယ်တိုင်း၏ ကိုယ်ပိုင်ဒဿနအမြင်များနှင့် ခံစားချက်များကို ရှုထောင့်မျိုးစုံကနေ ရေးသားသွားပါ့မယ်။ ကျနော်၏စာစုများတွင် ဖြစ်ရပ်မှန်များ ရာခိုင်နှုန်းများများ ပါဝင် မည်ဖြစ်သော်လည်း ဖြစ်ရပ်မှန်များကို အခြေခံ၍ စိတ်ကူးဖြန့်ကျက်ထားသော ခံစားချက်များလည်း ပါဝင် ပါလိမ့်မည်။ အင်တာဗျူးဆန်ဆန် စကားဝိုင်းကို သန္ဓေတည်ထားသောကြောင့် အမေးအဖြေပြုလုပ်သော ကဏ္ဍများလည်းပါဝင်ပါလိမ့်မည်။ သို့သော် ဤစာစုများသည် ဝတ္ထု တစ်ပုဒ်မဟုတ်သလို ဆောင်းပါးတစ်ပုဒ်လည်းမဟုတ်ပါ... ရသစာစုတစ်ခုမဟုတ်သလို သမိုင်းကြောင်းစာတစ်ပုဒ်လည်းမဟုတ်ပါ... ကိုယ့်ရာဇဝင်ကိုသူများရေးသော သူရေးရာဇဝင် ဇာတ်လမ်းလည်းမဟုတ်ပါ... အင်တာဗျူးတစ်ပုဒ်မဟုတ်သလို စကားဝိုင်း တစ်ခုလည်းမဟုတ်ပြန်ပါ... ကျနော်ခံစားမိသလိုရေးမည့် ‘ရောပြွန်းသီးစုံအချဉ်ရည်ဟင်းတစ်ခွက်’ သာဖြစ်ပါလိမ့်မည်။
၈၈၈၈ လူထုလှုပ်ရှားမှု၊ ၈၈၈၈ အကြို/နှောင်းကာလ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ၊ ABSDF ကျောင်းသားတပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍများ၊ နယ်စပ်ဒေသ တိုင်းရင်းသားများစွာတို့၏ ဓလေ့ထုံးစံနှင့်ယဉ်ကျေးမှု... သူတို့၏နာကျည်းခံစားချက်များ... U.S.A သို့ရောက်လာကြသော နိုင်ငံရေးခိုလှုံခွင့်ရသူများ၏ ဘဝအဖြစ်အပျက်များ... စသည်တို့ကို နောက်ခံထား၍ ကျနော်နှင့် ကျနော့်သူငယ်ချင်းများ၏ ခံစားချက်အတွေးအခေါ်များကို အတတ်နိုင်ဆုံး ပေါ်လွင်ခံစားနိုင်လာစေရန် ကြိုးစားရေးသား တင်ဆက်သွားနိုင်မည်ဟု မျှော်လင့်ထားမိပါသည်။ မြန်မာ့နိုင်ငံရေး ပဋိပက္ခများကြား မြေဇာပင်ဖြစ်သွားရသူတစ်ယောက်၏ သို့မဟုတ် ကိုယ်လက်အင်္ဂါချို့ယွင်းသွားခဲ့သော်လည်း ဘဝကို အနိုင်မခံ အရှူံးမပေးဘဲ ရဲရဲတောက် ဖြတ်သန်းရင်ဆိုင်နေသူတစ်ယောက်၏ ဘဝအစိတ်အပိုင်း တစ်ပိုင်းတစ်စကို ဖော်ထုတ်တင်ဆက်နိုင်မည်ဟုလည်း မျှော်လင့်ရပါသည်။
နိုင်ငံရေး၊ လူမှုရေး၊ မိသားစုအရေး... စသည်ဖြင့် ထောက်ထားငဲ့ညှာစရာ အကြောင်းအမျိုးမျိုးတို့ကြောင့် နာမည်မှန်များကို ချန်လှပ်ထားပါမည်။ ကျနော်ရေးထားပြီးသမျှကိုလည်း အလျဉ်းသင့်သလို... အချိန်ရရင်ရသလို အခန်းဆက် ကဏ္ဍများဖြင့် တင်ဆက်သွားပါမည်။
x x x x x
“မြေဇာမြက်မှငုပန်းဝါသို့”
မာတိကာ-
လမ်းလျှောက်ကြသူများ
ရိုးအတွက်ခံစားမိသောကဗျာတစ်ပုဒ်
(၁) တိမ်တိုက်တစ်ခု၏ရွေ့လျားမှုနိဒါန်း
(၂) ဒဿနများနှင့်စကားစမြည် (အပိုင်း-၁)
(၃) စကားပြောဘဝစာမျက်နှာများ (အပိုင်း-၁) ရေးသားနေဆဲ...
ဆက်ရန်...
x x x x x
ဘူဇွာ နိဒါန်း...
ဘူဇွာဆိုသောလူတန်းစား တော်တော်ခက်သည်။ မြေပိုင်ရှင်၊ ပဒေသရာဇ်များ ဖြစ်ခဲ့ကြသလို ငွေကို ဘုရားအမှတ် ကိုးကွယ်ကြသူများလည်းဖြစ်သည်။
ကွယ်ရာတွင် သူငယ်ချင်းများက သူ့ကို ဘူဇွာ ဟု ခေါ်ကြသည်။ သူ စိတ်မဆိုးပါ။ ပို၍တောင် ကြိုက်သေး၏။ ဘူဇွာ အခေါ်ခံရသည့်အတွက် ဂုဏ်ယူသည်။ တော်ရုံလူ ဤသို့ အခေါ်ခံရဖို့ ဝေးသေး…
ငွေရဖို့ဆိုလျှင် အလုပ်မရွေးတတ်၊ အကုန်လုပ်နိုင်သည်။ ပင်ပန်းဆင်းရဲသော အလုပ်မျိုးစုံ လုပ်ခဲ့ဖူးသည်။ အလုပ်ကြမ်းဒဏ်ပိသောကြောင့် ခါးလည်း ခွဲစိတ်ထားခဲ့ပြီးပြီ။ ငွေသာရမည်ဆိုလျှင် ကုန်ပဲထမ်းရထမ်းရ၊ ပန်းကန်ပဲ ဆေးရဆေးရ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ဝင်လုပ်ရဝင်လုပ်ရ… အကုန် လုပ်ခဲ့ဖူးပြီးပြီ။ သူ့ကိုယ်သူ ဘဝသမားဟု ခံယူထား၏။
သူသည် ကဗျာဆရာတစ်ယောက်မဟုတ်။ သို့သော် သူ့ဘ၀ ကဗျာများက ပို့စ်မော်ဒန်ကဗျာများထက်ပင် ရှေ့ရောက်နေသေး၏။
သူသည် ပန်းချီဆရာတစ်ယောက်မဟုတ်။ သို့သော် သူ့ဘဝကို စုတ်ချက်ကြမ်းကြမ်းများဖြင့် စိတ္တဇဆန်ဆန် ခြယ်မှုန်းခဲ့သည်။
သူသည် အိပ်မက်မက်နေသူတစ်ယောက်မဟုတ်။ သို့သော် သူ့အိပ်မက်များက အရသာစုံလွန်းလှသည်။ ချိုသောအိပ်မက်များ မက်ခဲ့ဖူးသလို ခါးသက်သော အိပ်မက်များလည်း မက်ခဲ့ဖူးပြီးပြီ။ ချဉ်စူးသော အိပ်မက်များ မက်ခဲ့ဖူးသလို စပ်ဖျင်းဖျင်း အိပ်မက်များမှလည်း နိုးထခဲ့ဖူးသည်။
သူသည် အဆိုတော်တစ်ယောက်မဟုတ်။ သို့သော် သူ့ဘ၀၏ တေးသံများက ဟဲဗီးမက်တယ်လ်ထက်ပင် ပြင်းထန်ခဲ့ဖူးသည်။ ယခုလောလောဆယ်တွင် သူ့ဘ၀ကြီးသည် ရက်ပ်သီချင်းတစ်ပုဒ်လို… ဘာကို ဆိုထားမှန်းမသိ၊ နားထောင်လို့တော့ ကောင်းနေသည်။
သူငယ်ချင်းများက မှတ်ချက်ချကြသည်။ “ဒီကောင်က မထသပဲ…”
လိုင်းစုံလွန်းလို့ ဟိုဘက်ကမ်းတောင် ရောက်နေပြီးပြီ။ အဲ… တစ်ခုတော့ရှိသည်… အခြောက်ဖြစ်ရန်တော့ ဘယ်တုန်းကမှ စိတ်မကူးဖူး…
ဘူဇွာတွင် ရာဇဝင်ရှိသည်။
ထို့ကြောင့်…
ရာဇဝင်ထဲမှာ ဘူဇွာကို ချန်ထားခဲ့လို့မရ…
ဘူဇွာတွင် ရင်ခုန်သံရှိသည်။
ထို့ကြောင့်…
ဘူဇွာတစ်ယောက်၏ ရင်ခုန်သံများ ပေါက်ကွဲ ထွက်လာကြသည်။
ဘူဇွာသည် ပန်းသီးမြို့တော်တွင် နေထိုင်သည်။
ထို့ကြောင့်…
ဘူဇွာ၏ ရင်ခုန်သံများသည် ပန်းသီးရင်ခုန်သံများဖြစ်သည်။
ဘူဇွာသည်…
x x x x x
“ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ”
မာတိကာ-
(၁) တစ်ဂါထာဆန်းသောကျောင်းနှင့် မိုးပျံပူဖောင်း
(၂) ဘူဇွာဘောစိ
(၃) ဘူဇွာသတို့သားလောင်း
(၄) ဘူဇွာ ညှိနှိုင်းရေးဝိဇ္ဇာ
(၅) ဘူဇွာပြေးပြီ
(၆) ဘူဇွာ ကွတ
(၇) အတိတ်ကပုံရိပ်များ
(၈) လေထဲက ဘူနက
(၉) ဘူဇွာနှင့်တောကောင်များ
(၁၀) ရင်ခုန်သံနိဒါန်း
(၁၁) မီးဘေးဘွတ်ပြတ်
(၁၂) ဘူဇွာနှင့်သင်္ချာ
(၁၃) မိုက်ခဲ၏ဆိုက်ဘာတိုက်ပွဲ
(၁၄) ဒုစရိုက်မြို့တော်ရောက် နတ်ဆိုးများ
(၁၅) ဆာရှိမိရင်ခုန်သံ
(၁၆) နတ်နန်းကအပြန်ဝယ်
(၁၇) ဘလိုင်းဒိတ်

လောလောဆယ် လင့်ခ်များပြင်ဆင်နေဆဲကာလဖြစ်သောကြောင့် click လုပ်၍မရနိုင်သေးပါ။