Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


Showing posts with label ခြေရာမဲ့သတင်းစဉ်. Show all posts
Showing posts with label ခြေရာမဲ့သတင်းစဉ်. Show all posts

ခြေရာမဲ့သတင်း (၄)

ကျနော့်ရဲ့ ဘလော့ဂ်ကို ၂၄ နာရီတိတိ တစ်ရက် ပိတ်ထားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ငလျင်ဒဏ်နဲ့ ဆူနာမီမှာ အထိနာသွားကြရတဲ့ ဂျပန်ပြည်သူလူထုအားလုံး၊ ဧည့်နိုင်ငံခြားသားများ အားလုံးအတွက် ဝမ်းနည်းပူဆွေးမှုအတွက်ဆိုပြီး ၂၄ နာရီခန့် အသံတိတ်ဆိတ်စွာ ငြိမ်သက်နေခဲ့ခြင်းပါ။

လာရောက်လည်ပတ် ဖတ်ရှုကြသူများအားလုံးကို အားနာမိတယ်။

စိုင်းနော်

ခြေရာမဲ့အထူးသတင်း

မင်္ဂလာပါခင်ဗျာ...

ဘာသာပြန်သိုင်းဝတ္ထုများကို ဘလော့ဂ်တစ်ခု သပ်သပ်ခွဲထုတ်ပေးလိုက်နိုင်ပါပြီ။ ခြေရာမဲ့ခရီးသည်ကိုလည်း ဧပြီလဆန်းပိုင်းလောက်မှာ နာမည်အသစ်နဲ့ပြောင်းလဲပါတော့မယ်။ ကိုယ့်ရဲ့ Browser ထဲမှာ ခြေရာမဲ့ဘလော့ဂ်ရဲ့ URL ကို Bookmarked လုပ်ထားတယ်ဆိုရင် နောက်ထပ် URL တစ်ခုကို ထပ်ပြီး Bookmark လုပ်ထားဖို့လိုပါမယ်။ ငွေရေးကြေးရေးအရ အလကားရတဲ့ ဘလော့ဂ်ကိုပဲ လုပ်နိုင်သေးတာဆိုတော့ လာလည်သူတွေကို ​နောက် URL အသစ်အရောက် Automatic Transfer ပေးမှာ မဟုတ်ပါဘူး။ ခြေရာမဲ့ခရီးသည် URL အသစ်က http://sai-naw.blogspot.com ဖြစ်ပါလိမ့်မယ်။

ယခုဘလော့ဂ်မှာ ရှိနေတဲ့ ဘာသာပြန်သိုင်းဝတ္ထုများ ဆိုတဲ့ Menu tab ကို Click လိုက်တာနဲ့ ‘ကုလုံလွင်ပြင်’ ဆိုတဲ့ ဘလော့ဂ်အသစ်တစ်ခုကို ရောက်သွားပါလိမ့်မယ်။ အချိန်မရတဲ့ကြားက ကြိုးစားအားထုတ်ထားပြီး အပေါ့ပါးဆုံး Load လုပ်နိုင်တဲ့ ဘလော့ဂ်တစ်ခုဖြစ်အောင် ကြိုးစားထားပါတယ်။ ကျနော် ရေးပြီးသွားပြီဖြစ်တဲ့ အကြင်နာဓားရှင်၊ကရုဏာမဲ့ဓား စာစဉ်(၁-၄ သိမ်း) အထိလည်း အခန်း (၈၉) ခန်းလုံး တင်ဆက်ထားပေးပြီးပါပြီ။

သိုင်းဝတ္ထုများဖတ်ပြီး ဘဝအမောပြေနိုင်ကြမယ်ဆိုရင် ရေးရကြိုးနပ်ပါပြီ။ ကျနော့်ရဲ့ ပင်ကိုယ်ရေး စာမူများကိုလည်း ခြေရာမဲ့ခရီးသည်မှာပဲ ဆက်ပြီးတင်ဆက်ပေးသွားပါတော့မယ်။

ဝေဖန်မှုများနဲ့ အကြံဉာဏ်များပေးတဲ့ မှတ်ချက်များကိုလည်း မျှော်လင့်နေပါတယ်။

စိုင်းနော်
မတ်လ ၁၀ရက်၊ ၂၀၁၁။
နယူးယောက်။

ခြေရာမဲ့သတင်း (၃)

ခြေရာမဲ့ဖိုရမ်ထဲမှာ မြန်မာယူနီကုဒ်နဲ့ ပတ်သက်တာတွေ ကျနော် သိသလောက်၊ လက်လှမ်းမီသလောက် လင့်ခ်တွေပေးထားပါတယ်။ သွားရောက်ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

ကျနော်ရဲ့ဘလောဂ့်မှာ ရေးတင်ထားတာတွေနဲ့ပတ်သက်ပြီး ဖတ်ရှုရန် အခက်အခဲရှိနေသူ မိတ်ဆွေများ ကျနော့်ကို ဆက်သွယ်နိုင်ပါတယ်။ လိုအပ်တဲ့ အကူအညီများကို ကျနော် သိသလောက် တတ်သလောက် အတိုင်းအတာအတွင်း အကူအညီပေးသွားပါမယ်။

စိုင်းနော်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁။

ခြေရာမဲ့သတင်း (၂)


မင်္ဂလာပါခင်ဗျာ...

ခြေရာမဲ့ခရီးသည်ကို ပြန်လည်တင်ဆက်လိုက်နိုင်ပါပြီ။ အပြင်အဆင်အသစ်တွေနဲ့ လှလှပပဖြစ်အောင် ကြိုးစားတင်ဆက်ထားပါတယ်။ အများကြီးပြောင်းလဲသွားတာကို တွေ့နိုင်ကြမှာပါ။

(၁) ဘလော့ဂ်ကို သစ်လွင်တောက်ပတဲ့ အရောင်များနဲ့ ဒီဇိုင်းဆွဲထားပါတယ်။
(၂) ပို့စ်တင်တဲ့ မူလစာမျက်နှာနဲ့ ကွဲလွဲစွာ (Static pages) များကို side bar မပါတဲ့ စာမျက်နှာအပြည့် ပြင်ဆင်ထားပါတယ်။
(၃) ဆက်သွယ်ရန် စာမျက်နှာမှာ ဆက်သွယ်လိုသူရဲ့ အချက်အလက်တွေ ဖြည့်သွင်းပြီး စာရေးသူကို ဆက်သွယ်နိုင်တဲ့ form ထည့်ထားပါတယ်။
(၄) ခြေရာမဲ့ဖိုရမ်အသေးလေး တင်ဆက်ထားပါတယ်။ လောလောဆယ်မှာတော့ လိုအပ်မယ်ထင်တာလေးတွေပဲ ဖိုရမ်ပေါ်မှာ တင်ထားပါတယ်။
(၅) This blog uses Unicode. Please follow the download link in light blue color with the font name- Myanmar3; install it, set Myanmar3 font as a default font in your browser (this is option) and you are good to go. ခြေရာမဲ့ခရီးသည်ကို ယူနီကုဒ်စစ်စစ် ပြောင်းလဲလိုက်ပါပြီ။ Myanmar3 Font ကို အသုံးပြုထားပါတယ်။ ဒေါင်းလုဒ်လင့်ခ်ပါ တွဲပြီးတင်ပေးထားပါတယ်။ Font ထည့်နည်းကတော့ အများစု သိပြီးဖြစ်လို့ အကျယ်မရှင်းပြတော့ပါဘူး။ Browser ထဲမှာ မြန်မာ၃ ဖွန့်ကို default ပြောင်းလိုက်မယ်ဆိုရင် ပိုပြီးကြည်လင်ပြတ်သားစွာ မြင်တွေ့ရမှာပါ။
(၆) Page Navigation ကို ပို့စ်တွေရဲ့ အောက်ဆုံးမှာ ထည့်ထားလို့ page တစ်ခုကနေနောက်တစ်ခုကို ပိုမိုလွယ်ကူစွာ သွားနိုင်ပါပြီ။
(ရ) ဒီဇိုင်းဆွဲထားတဲ့ HTML ကုဒ်တွေမှာ ဘလော့ဂ်ကို ပိုပြီးကောင်းမွန်အောင်၊ ပိုမိုပြည့်စုံအောင် widgets တွေ၊ ကုဒ်တွေ ထည့်ထားတဲ့အတွက် Browser တိုင်းနဲ့ compatible ဖြစ်ချင်မှဖြစ်ပါမယ်။ အကူအညီလိုအပ်သူများ ကျနော့်ကို ဆက်သွယ်နိုင်ပါတယ်။

အခုလောလောဆယ်တော့ အပြောင်းအလဲကာလမို့ ဘလော့ဂ်ဒီဇိုင်းဘက်ကို အချိန်ပေးနေရလို့ ဘာမှ မရေးတင်နိုင်သေးပါဘူး။ သည့်ရှေ့လျှောက်မှာတော့ ရေးပြီးသမျှ ပို့စ်တွေကို ရေးပြီးတိုင်းမှာ တင်ပေးသွားပါမယ်။ ဖတ်ရှုအားပေးနေကြတာကို ကျေးဇူးတင်ပါတယ်။


စိုင်းနော်...
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၁။

ခြေရာမဲ့သတင်း (၁)


ကျနော်ဘာသာပြန်ဆိုနေတဲ့ “အကြင်နာဓားရှင်၊ ကရုဏာမဲ့ဓား” သိုင်းဝတ္ထုကြီး ဘာသာပြန်ဆိုရေးသားလို့ ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ ကျနော်ရေးနေခဲ့စဉ်တုန်းက ပထမ ၂ အုပ်ကို Wwin_Burmese Font ၊ ဒုတိယ ၂ အုပ်ကို ဝင်းအင်းဝဖောင့်နဲ့ ရေးထားခဲ့တာမို့ ခုချိန်မှာ မြန်မာ-၃ ယူနီကုဒ်ကို ပြန်ပြောင်းနေပါတယ်။ ပြီးတော့ စာလုံးပေါင်းသတ်ပုံအမှားတွေ၊ ဝါကျအမှားတွေကိုလည်း ပြန်ပြီးစီစစ်နေရလို့ အခန်း (၈၉) ခန်းလုံးကို တပြိုင်နက်ထဲ မတင်ပေးနိုင်သေးပါ။

ကျနော့်ဘလော့ဂ်လေးကို ၂၀၁၁ နှစ်ဆန်း (၁) ရက်နေ့မှာ မွေးဖွားပေးခဲ့ပါတယ်။ လုပ်စရာတွေ၊ မပြည့်စုံမှုတွေ အများကြီးရှိနေပါသေးတယ်။ ရေးထားခဲ့တာတွေလည်း ပုံနေပြီး မတင်ပေးနိုင်သေးပါဘူး။ ဒါကြောင့် ခုလောလောဆယ်ရေးပြီးသမျှကို တတ်နိုင်သလောက် တင်ပေးပါမယ်။ လောလောဆယ်မှာ ဘာသာပြန်သိုင်းဝတ္ထုတွေကိုပဲ တင်ပေးနိုင်ဦးမှာဖြစ်ပြီး ပင်ကိုရေးစာမူများကို နောက် ကျနော်အားတဲ့အခါများမှ သေချာစိစစ်ပြီး တင်ပေးပါမယ်။ ဘလော့ဂ်ပို့စ်တွေက မူလစာမျက်နှာမှာ အရောရောအထွေးထွေးဖြစ်နေမှာမို့ ကိုယ်ဖတ်ချင်တဲ့ စာမူများကို သူနဲ့သက်ဆိုင်တဲ့ ကဏ္ဍများမှာ သွားရောက်ဖတ်ရှုရင် ပိုပြီးအဆင်ပြေမှာပါ။

ဖတ်ရှုအားပေးနေကြတဲ့ မိတ်ဆွေတွေအားလုံး၊ အကြံဥာဏ်များ ပေးကြတဲ့မိတ်ဆွေတွေအားလုံး၊ လာရောက်လည်ပတ်ပြီး ခြေရာလေးတွေချန်ထားခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါကြောင်း…

စိုင်းနော်